29.6 C
Yangon

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ICC တရားရုံးက အရေးယူခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း တရားစွဲဆိုရန် ဖိလစ်ပိုင်နိုင်ငံကို တိုက်တွန်း

Must read

ရန်ကုန်၊ မေ ၉

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး-ICC က အရေးယူခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း တရားစွဲဆိုရန် ဖိလစ်ပိုင်နိုင်ငံကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) နှင့်ချင်းပြည်နယ်မှ စစ်တပ်၏ ကျူးလွန်မှုခံခဲ့ရသော အသက်ရှင်ကျန်ရစ်သူများက တိုက်တွန်းလိုက်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားစွဲရန် ဖိလစ်ပိုင် တရားရေးဝန်ကြီး ဌာန (DOJ) ထံတွင် တင်ပြထားသော် လည်း ယခုအချိန်အထိ ဆိုင်းငံ့နေဆဲဖြစ်ကြောင်း၊ မင်းအောင်လှိုင်ကို တရားစွဲဆိုရန် ၂၀၂၃ ခုနှစ် ကတည်း က ရာဇဝတ်မှုတိုင်ကြားချက်ဖြင့် အမှုဖွင့်ထားသော်လည်း အမှုမှာ ဆိုင်းငံ့နေ၍ အမှုကို ရှေ့ဆက် ဆောင်ရွက်ရန် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က တိုက်တွန်းသည်။

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခရားရုံး (ICC) တွင် တရားစွဲဆိုထားမှု အပါ အဝင် နိုင်ငံတကာ၏ တာဝန်ခံမှုရှိစေရန် ဖိလစ်ပိုင်နိုင်ငံက ကြိုးပမ်းခဲ့သကဲသို့ မင်းအောင်လှိုင်ကိုလည်း တရားစွဲဆိုရန် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က တိုက်တွန်းထားသည်။

တရားလို ရှေ့နေဖြစ်သူ Romel Bagares က “သမ္မတဟောင်း ဒူတာတေးကို ICC မှာ တရားစွဲဆိုနေတာက ကျနော်တို့ရဲ့ အမှုအတွက် တွန်းအားသစ်တွေ ဖြစ်လာစေပါတယ်” ဟု ပြောကြားသည်။

မင်းအောင်လှိုင်ကို ၂၀၂၃ ခုနှစ်တွင် ချင်းပြည်နယ်မှ စစ်တပ်၏ သတ်ဖြတ်မှုများမှ အသက်ရှင်ကျန်ရစ်သူများနှင့် သေဆုံးသူများ ၏ မိသားစုဝင်များက ဖိလစ်ပိုင် တရားရေးဝန်ကြီးဌာနသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ၏ အခြေခံဥပဒေအရ အခြားနိုင်ငံများတွင် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို အရေးယူရန် ပြဌာန်းထားသည့် ဖိလစ်ပိုင်နိုင်ငံ၏ (Universal Jurisdiction) ဆိုင်ရာ ဥပဒေကို အသုံးပြု၍ တိုင်ကြားခြင်းဖြစ်သည်။

မင်းအောင်လှိုင်ကို အမှုဖွင့်ထားသော တရားလိုများ တင်ပြထားသည့် သက်သေများထဲတွင် ၂၀၂၁ ခုနှစ်၊ စက် တင်ဘာလအတွင်း ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် ပါစတာကျုံးဗျက်ဟမ် (Pastor Cung Biak Hum) ဖြစ်စဉ်လည်း ပါဝင်သည်။ ၎င်းသည် စစ်တပ်၏ စစ်ဆင်ရေးအတွင်း လောင် ကျွမ်းနေသည့် မီးများကို ငြှိမ်းသတ်ရန် ကြိုး ပမ်းနေစဉ် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။

ဖိလစ်ပိုင်သမ္မတ မားကို့စ်၏ အစိုးရအနေဖြင့် နိုင်ငံတကာ တာဝန်ခံမှုရှိစေရေး လုပ်ငန်းစဉ်များကို ထောက်ခံပေးရန် ယုံကြည်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ တာဝန်ရှိသူက ပြောကြားသည်။

လက်ရှိတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားစွဲဆိုထားမှုများမှာ အာဂျင်တီးနား၊ အင်ဒိုနီးရှား၊ တီမောလက်စတေးနှင့် တူရကီနိုင်ငံတို့တွင်လည်း အမှုဖွင့်ထားသည်။

(INQUIRER.net တွင် ယနေ့ ဖော်ပြထားသော After Duterte ICC case, Myanmar survivors push PH rap vs junta chief ကို ဘာသာပြန်ဆိုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article