ရန်ကုန်၊ ဇူလိုင် ၂၃
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျောက်မိချောင်းရွာအုပ်ချုပ်ရေးမှူး ဝင်းမြင့်ကို ဇူလိုင်လ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ရေးဘီလူးအဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ရာမှ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
ကျောက်မိချောင်းရွာ အုပ်ချုပ်ရေးမှူး ဝင်းမြင့်သည် စစ်တပ်၏ သတင်းပေး လုပ်နေသူတစ်ဦးဖြစ်သည့်အပြင် PDF အဖွဲ့စည်းများကို လိုက်လံစုံစမ်းနေသူဖြစ်ကြောင်း ၊ အကြိမ်ကြိမ်သတိပေးထားသည့်ကြားမှ မလိုက်နာသည့်အတွက် ဝင်းမြင့်ကို ပစ်ခတ်ရှင်းလင်းခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ လောင်းလုံးမြို့နယ်တွင် ဇူလိုင်၁၈ ရက်နေ့၊ ညနေ ၃ နာရီခန့်အချိန် အမှတ် ၁၀၄ ခြေလျင်တပ်ရင်းမှ တပ် သား ကိုကျော်အေး ဆိုသူကို ဖားဘုတ်ပြင်ရွာနှင့် စွန်တောင်ပေါ်ရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် လောင်းလုံးမြို့နယ် ဇူလိုင် ၁၉ ရက်နေ့ ၊ မွန်းလွဲ(၁)နာရီခန့်မှ ကရင်ကြီးရွာရှိ ပျူစောထီးခေါင်း ဆောင် လေးလေးနှင့် တပည့် ဇော်လတ် တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထပ်မံပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ၊ ရှင်းလင်းမှုကို ထားဝယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(DGRF)၊လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)၊T-PDF တို့ဖွဲ့(၃)ခုကနေရှင်းလင်းခဲ့ကြောင်း တရားဝင်သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၄ နာရီ တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်၊ သကျက် တောရွာမှ ပျူစောထီးအဖွဲ့ဝင် သန်းထိုက်ကို လောင်းကစားဝိုင်းအနီး ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DDT-တပ်ခွဲ၃)၊ လောင်းလုံးပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(LLPDF)တို့ပူးပေါင်း၍ ပစ်ခတ်ရှင်းလင်းလိုက်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၅ နာရီ ၊ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ နယ်၊အောက်ရေဖြူကျေးရွာအုပ်စုအတွင်းရှိဂေါ့အင်းရွာတွင် ပျူစောထီးအဖွဲ့ဝင်ထွန်းသား (ခ) မောင်ထွန်းကို အမည်မသိ သေနတ်သမားတချို့က သေနတ်ဖြင့် ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကျောက်မိချောင်းရွာ အုပ်ချုပ်ရေးမှူး ဝင်းမြင့် ပစ်ခတ်ခံရပြီး သေဆုံးနေစဉ်။