26.1 C
Yangon

ညောင်ဦး -ငါ့သရောက်လမ်းပိုင်းတွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်သား ၄ ဦး ထက်မနည်း သေဆုံးဟုဆို

Must read

ရန်ကုန်၊ မေ ၁၆

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး -ငါ့သရောက်လမ်းပိုင်းတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ် သား ၄ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း Earthquake PDF တပ်ဖွဲ့မှ ရုံးအဖွဲ့မှူး ကိုစက်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၃ ရက်နေ့ ညောင်ဦးမြို့နယ်မှ ငါ့သရောက်မြို့နယ်အတွင်းသို့ ညောင်ဦး -ငါ့သရောက်လမ်း ပိုင်းအတိုင်း အင်အား ၁၂၀ ဖြင့် ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၃ ကြိမ်ခန့်ဖြစ်ခဲ့ပြီး စစ်သား ၄ ဦး ထက်မနည်းသေဆုံးကာ အများအ ပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ အသုံးပြုသော ကျည်အ နည်းငယ်နှင့် စစ်အသုံးအဆောင် ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ညောင်ဦး -ငါ့သရောက်လမ်းပိုင်းမှာပဲ ၂ ကြိမ်တိုက်ခိုက်ခဲ့တာပါ။ လက်ရှိအထိ အဲဒီလမ်းပိုင်းမှာပဲ စစ် ကြောင်းက ရှိနေသေးတယ်။ ပြည်သူတွေဖမ်းဆီးခံရတာ၊ နေအိမ်တွေ မီးရှို့ခံရတာမျိုးတော့ အခုထိ မရှိသေးပါဘူး။ ကျနော်တို့တပ်ဖွဲ့ဝင်ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု Earthquake PDF တပ်ဖွဲ့မှ ရုံးအဖွဲ့မှူး ကိုစက်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင် Localတပ်ရင်း (PDLB) ၊ 21 Bagan- People Defense Force ၊ Good Brothers ၊ ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ- DYT၊ Bagan Garuda Force နှင့် Earthquake People’s Defense Force တို့ ပူးပေါင်း‌ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းက လှည့်လည်နေသောကြောင့် ပြည်သူများအ နေဖြင့် စစ်ရေးအသိ၊ သတိဖြင့် နေထိုင်ပေးကြပါရန် Earthquake PDF တပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article