28.8 C
Yangon

ဘုတလင်တွင် စစ်တပ် စစ်ကြောင်းထိုးနေ၍ ရွာပေါင်း ၁၀ ခုကျော်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ၊ သရက်ချောင်းရှိ ရငဲရွာကိုလည်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ မေ ၁၈

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးနေ၍ ရွာပေါင်း ၁၀ ခုကျော်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၆ ရက်နေ့မှ စတင်ပြီး မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် ယာဉ်တန်းနှင့် ခြေလျင် စစ်ကြောင်းသည် အနောက်ဇီးတောရွာကို ရောက်ရှိလာကြောင်း၊ ထို့နောက် မေလ ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၂ ဖွဲ့ခွဲ၍ ထနောင်းကုန်းရွာနှင့် ရွှေချောင်းလည်ရွာကို ထပ်မံ ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ မေလ ၁၈ ရက်နေ့တွင်လည်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကားများ ဘုတလင်မြို့နယ် အနောက်ဇီးတောရွာအတွင်း ထပ်မံရောက်ရှိနေပြီး အင်အားဖြည့်တင်းနေကြောင်း၊ ထိုစစ်ကြောင်းသည် အင်အားစုဖွဲ့ပြီး မည်သည့်နေရာကို ဆက်လက် စစ်ကြောင်းထိုးမည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“အခုက စစ်ကြောင်းက တပ်ဖြန့်ထားပြီး ထနောင်းကုန်းရွာထဲမှာတော့ အင်အား အများအပြားရှိနေတယ်။ ဘယ်ကို ဆက်ထွက်မလဲဆိုတာတော့ မသိနိုင်သေးဘူး။ ကျနော်တို့လည်း ဆက်လက် စောင့်ကြည့်နေတယ်။ ပြည်သူတွေ ဖမ်းဆီးခံရတာ ရှိ၊မရှိကတော့ အတည်မပြုနိုင်သေးဘူး။ ဒီနေ့ပဲ မုံရွာ နမခ ကနေ စစ်ကားတွေနဲ့ အင်အားထပ်ဖြည့်နေတယ်။ စစ်ကြောင်း အင်အားက အခုဆို ၁၀၀ ကျော်လောက်ရှိနေပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် အနောက်ဇီးတောရွာ၊ ရွှေချောင်းလည်ရွာ၊ သရက်တိုရိုးရွာ၊ ထနောင်းကုန်းရွာ၊ ကံသစ်ရွာ အပါအဝင် အနီးအနားရှိ ကျေးရွာ ၁၀ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာကိုလည်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၁၇ ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ ဝင်းဝစခန်းရှိ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရငဲရွာကိုကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

“ဝင်းဝတပ်စခန်းက စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ရမ်းပစ်လို့ ရငဲရွာထဲကို ကျတာလို့ သိရတယ်။ နေအိမ် ၂ လုံးပျက်စီးသွားတယ်။ လူထိခိုက်တာတော့မှရှိဘူးလို့ ကြားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို စစ်တပ် စစ်ကြောင်းထိုးလာ၍ ထွက်ပြေးတိမ်းရှောင်နေသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article