27 C
Yangon

မဟာဗျူဟာမြောက်စစ်ဆင်ရေး အပါအဝင် နိုင်ငံရေးရာကိစ္စရပ်များကို NUG ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး

Must read

ရန်ကုန်၊ မေ ၂၂

စစ်အာဏာရှင်တော်လှန်ရေး မဟာဗျူဟာမြောက်စစ်ဆင်ရေး အပါအဝင် နိုင်ငံရေးရာကိစ္စရပ်များကို အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနှင့် အစိုးရအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးကြကြောင်း NUG က သတင်းထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ မဟာဗျူဟာမြောက် စစ်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အပါအဝင် နိုင်ငံ့ရေးရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် ပတ် သက်သော လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဖက်ဒရယ်ယူနစ်များနှင့် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မဟာဗျူဟာမြောက် စစ်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များ အပါအဝင် နိုင်ငံတကာဆက်ဆံရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။

ယင်းတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးစိုးသူရထွန်း၊ ကျန်းမာရေးဝန်ကြီးဒေါက်တာဒေါ်ရွှေပုံ၊

ပညာရေးဝန်ကြီး ဂျာထွယ်ပန်၊ ကာကွယ်ရေးဒုတိယဝန်ကြီး နိုင်ကောင်းရွက်၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာစိုင်းခိုင်မျိုးထွန်းနှင့် ဒေးဗစ်ဂွမ်အောင် တို့ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် NUG ဝန်ကြီးချုပ်က စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်၊ မြန်မာ့နွေဦးဘဏ် (SDB) တာဝန်ရှိသူများ၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်လည်း ကဏ္ဍအလိုက် သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article