29 C
Yangon

တော်လှန်ရေးရဲဘော်များကို စစ်တပ်က သေဒဏ်စီရင်သော်လည်း “ငါတို့ ဘယ် တော့မှ မကြောက်ဘူး …ငါ–မ စစ်တပ်” ဆိုသော ကြွေးကြော်သံဖြင့် ရန်ကုန်တွင် ဆန္ဒပြ

Must read

ရန်ကုန်၊ ဇူလိုင် ၂၅

ရန်ကုန်တွင် တော်လှန်ရေးရဲဘော်များကို စစ်တပ်က သေဒဏ်စီရင်သော်လည်း “ငါတို့ ဘယ်တော့မှ မကြောက်ဘူး……ငါ–မ စစ်တပ် ဆိုသော ကြွေးကြော်သံဖြင့် လူငယ်များက ယနေ့ ဆန္ဒပြကြသည်။

ဒီမိုကရေစီအရေးတိုက်ပွဲဝင်ကြသူများဖြစ်သော ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား စစ်ကောင်စီမှ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးကြောင်း ကြေညာပြီးနောက် ရန်ကုန်မြို့တစ်နေရာ၌ တော်လှန်သောလူငယ်များမှ “ငါတို့ ဘယ်တော့မှ မကြောက်ဘူး” ဟူသော စာသားအားကိုင်ဆွဲ၍ ဖက်ဆစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားချီတက် ဆန္ဒပြ သပိတ်မှောက်ကြသည်။

၎င်းသပိတ်စစ်ကြောင်း၌ မြို့ပြတွင် အခက်အခဲများစွာဖြင့် တော်လှန်နေထိုင်နေသော လူငယ်များက လုံခြုံရေးများ တင်းကြပ်ထားသည့်ကြားက​နေ ခက်ခက်ခဲခဲ ချီတက်သပိတ်မှောက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီသည် မြန်မာ့ဒီမိုကရေစီအရေးတိုက်ပွဲဝင်နေကြသူများအား နည်းလမ်းမျိုးစုံဖြင့်ရှာဖွေဖမ်းဆီးမှုများ၊ အကြမ်းဖက်မှုများ၊ လူအခွင့်ရေးချိုးဖောက်မှုများ စသည့် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်နေသော်လည်း လူငယ်များက မကြောက်သောစိတ်၊ ရဲရင့်သောစိတ်တို့ဖြင့် ရန်ကုန်နှင့်အတူ ဆက်လက်​တော်လှန် ပုန်ကန်နေကြဆဲဖြစ်ကြောင်း သိရှိရသည်

စစ်​ကောင်စီဘက်မှ “ဘယ်သူ​သေ​သေ အာဏာရရင် ပြီး​ရော”မူကို ကိုင်စွဲလျက် ထင်ရာစိုင်း​သော အ​မိန့်အာဏာမျိုးစုံဖြင့် အတိုင်းအဆချင့်ချိန်၍ မရ​​လောက်အောင် အဖက်ဖက်က ဆွဲချဖျက်စီး​နေသည့် ယ​နေ့အ​ချိန်တွင် အ​ကြောက်တရား ​ဘေးဖယ်…ရဲဝံ့စိတ်ကို ​ရှေ့တန်းတင်ပြီး အာဏာရှင်စနစ်ပျက်သုဥ်းဖို့အ​ရေး တတ်နိုင်စွမ်းထက်ပို၍ စိတ်​ရောကိုယ်ပါ စူးစူးစိုက်စိုက် အားထုတ်ကြိုးပမ်းကြဖို့ လိုပါပြီ။ ပြည်သူများအားလုံးသည်လည်း နွေဦးတော်လှန်ရေးအား အဆုံးသတ်တိုက်ပွဲအဖြစ် ခံယူချက်၊ ယုံကြည်ချက်ပြင်းပြစွာဖြင့် ဆက်လက်ရင်ဆိုင်တိုက်ပွဲဝင်ရန်၊ တော်လှန်ရေးအားမေ့မထားရန် အထူးလိုအပ်သည်။

ယနေ့သပိတ်စစ်ကြောင်းအား Yangon Revolution Force – YRF (Soft Strike Community) မှဦးဆောင်၍ ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ(YRSC)၊ ပုဇွန်တောင်ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ(PBYSC)၊အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ (အကရ) ၊ Yankin Protests နှင့်လူငယ်များက ချီတက်သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article