26 C
Yangon

မြန်မာနိုင်ငံမှ ပဋိပက္ခနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများကြောင့် ဒေသတွင်း လုံခြုံရေး အထူးစိုးရိမ်နေရဟု အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့်ဩစတြေးလျတို့ပါဝင်သော Quad နိုင်ငံခြားရေးဝန်ကြီးများက ပူးတွဲကြေညာ

Must read

ရန်ကုန်၊ မေ ၂၆

မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ယင်း၏နောက်ဆက်တွဲ သက်ရောက်မှုများအပြင်၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာနေသည့် အခြေအနေများကြောင့် ဒေသတွင်း လုံခြုံရေးအပေါ် အထူးစိုးရိမ်ပူပန်မိကြောင်း အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် ဩစတြေးလျတို့ ပါဝင်သော ကွာဒ် (Quad) မဟာမိတ် ၄ နိုင်ငံခြားရေးဝန်ကြီးများက ပူးတွဲကြေညာလိုက်သည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ မေလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သည့် ကွာဒ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ပူးတွဲသတင်းထုတ်ပြန်ချက်တွင် မြန်မာ့အရေးနှင့် ပတ်သက်၍ အထက်ပါအတိုင်း ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ၄ နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန်နှင့် မတရားဖမ်းဆီးထိန်းဇော်ခံထားရသူ အားလုံးကို အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် တောင်းဆိုထားသည်။

ထို့ပြင် ဘေးဒုက္ခကြုံတွေ့နေရသည့် ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အဟန့်အတားမရှိ ရောက်ရှိနိုင်မည့် ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးရန်နှင့် ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် အစုအဖွဲ့များ၊ နစ်နာဆုံးရှုံးမှုရှိနေသည့် အုပ်စုများအားလုံးအကြား အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကြရန်လည်း တိုက်တွန်းထားသည်။

တစ်ဆက်တည်းတွင်ပင် ကွာဒ်အဖွဲ့အနေဖြင့် မြန်မာ့အရေးအကြပ်အတည်းကို ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်နေသည့် အာဆီယံ (ASEAN) ၏ လုပ်ငန်းစဉ်များနှင့် ဘုံသဘောတူညီချက်များကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုထားသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကြောင့် ဘေးပတ်ဝန်းကျင် ဒေသတွင်းလုံခြုံရေးကို ရိုက်ခတ်လာနိုင်ခြေများနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာနေသည့် အခြေအနေများအပေါ်တွင်လည်း ကွာဒ်နိုင်ငံခြားရေးဝန်ကြီးများက အလေးအနက် စိုးရိမ်ပူပန်မိကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် အကျယ်တဝင့် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article