27 C
Yangon

TNLA ထိန်းချုပ်ထားသော နမ့်ခမ်းမြို့ အနီး ကောင်းတပ်ကျေးရွာတွင် ပေါက် ကွဲမှုဖြစ်ပြီး အရပ်သားပြည်သူ အများအပြားဒဏ်ရာရကာ သေဆုံးမှုများရှိနိုင်

Must read

ရန်ကုန်၊ မေ ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသော နမ့်ခမ်းမြို့အနီး ကောင်းတပ်ကျေးရွာတွင် ပေါက်ကွဲမှုဖြစ်ပြီး အရပ်သားပြည်သူ အများအပြားဒဏ်ရာရရှိသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန် နမ့်ခမ်းမြို့အနီးတွင် အလွန်ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မီးခိုးလုံးများတက်လာပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ လတ်တလော ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးဝန်းကျင်ရှိနေပြီး အခြေအနေအသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

“လေယာဉ်နဲ့ ဗုံးကျဲတာလိုလို၊ လက်နက်ကြီးနဲ့ အပစ်ခံရတာလိုလို ပြောနေကြတယ်။ ပေါက်ကွဲမှုကတော့ ဖြစ်တယ်။ ၅ ဦးလောက်ဒဏ်ရာရတယ်။ အိမ်တွေ ပျက်စီးသွားတာလည်းရှိတယ်။ ကောင်းတပ်၊ ပန်ထိုလိန် ဘက်မှာ ပေါက်ကွဲတာလို့လည်းပြောတယ်။ ပေါက်ကွဲသံကတော့ တော်တော်ကို ကျယ်တာ။ အသေးစိတ် မသိရသေးဘူး” ဟု နမ့်ခမ်းမြို့မှ ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

နမ့်ခမ်းအခြေစိုက် စစ်ရေးသတင်းရင်းမြစ်တချို့ကမူ လက်နက်ဂိုဒေါင် (သို့မဟုတ်) ယမ်းဂိုဒေါင် ပေါက်ကွဲခြင်းဖြစ်နိုင်ပြီး သေဆုံးသူများ ရှိနေသည်ဟု သိရှိထားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နမ့်ခမ်းမြို့သည် TNLA ထိန်းချုပ်ထားသော ဒေသတစ်ခုဖြစ်ပြီး လတ်တလော TNLA နှင့် စစ်တပ်အကြား တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ယာယီ အပစ်အခတ်ရပ်စဲထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article