27 C
Yangon

အုတ်ဖိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို လိုက်လံ တိုက်ခိုက်မှု ဗိုလ်ကြီး စိုးပြည့်ကျော် အပါအဝင် စစ်သား ၁၈ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို လိုက်လံ တိုက်ခိုက်ရာ ဗိုလ်ကြီး စိုးပြည့်ကျော် အပါအဝင် စစ်သား ၁၈ ဦးသေဆုံးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ထွက်တိုးရွာကို စစ်တပ်မှ ဗိုလ်ကြီး စိုးပြည့်ကျော် ဦးစီးသည့် အင်အား ၈၀ ခန့်ပါ စစ်ကြောင်းကို သာယာဝတီခရိုင် ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း ၃၈၀၂ တပ်ခွဲ (၁၊၂၊၃၊၄၊၅၊၆)၊ တပ်ရင်း လက်နက်ကြီးတပ်ဖွဲ့၊ တပ်ရင်း ၃၈ဝ၃ တပ်ခွဲ(၁၊၅)၊ ဗျူဟာ ၂၂ ရဲဘော်များ၊ ရန်ကုန်တိုင်း ပကဖ၊ သာယာဝတီခရိုင် ပကဖ၊ BTZM အဖွဲ့၊ Spring Bee uav force အဖွဲ့တို့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထို တိုက်ခိုက်မှု အတွင်း စစ်သား ၆ ဦးသေဆုံးကာ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မေလ ၂၁ ရက်နေ့တွင်လည်း စစ်ကြောင်းသည် ထွက်တိုးရွာမှ ကြီးပျက်ရွာသို့ ဆက်လက်စစ်ကြောင်းထိုးလာပြီး ပြည်သူများကို လူသားဒိုင်းအဖြစ်ဖမ်းဆီးကာ ချောင်းခွရွာကို အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၃ နာရီခန့်တွင် တော်လှန်ရေးတပ်က စစ်တပ် အထိုင်ချထားသော ကြီးပျက်ရွာရှိ နေအိမ် ၁ လုံးကို ဒရုန်းဖြင့် ဗုံး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

မေလ ၂၂ ရက်နေ့တွင် ကြီးပျက်ရွာရှိ စစ်တပ်က အနီးအနား ကျေးရွာများကို လက်နက်ကြီး အမြောက်အများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၅ နာရီခန့်တွင်လည်း တော်လှန်ရေးရဲဘော်များက ဒရုန်းဖြင့် ဗုံးကျဲပြီး မြေပြင်စစ်ကြောင်းကလည်း ကြီးပျက်ရွာကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့ပြီး စစ်တပ် ဘက်မှ ဗိုလ်ကြီး စိုးပြည့်ကျော်အပါအဝင် စစ်သား ၄ ဦး သေဆုံးပြီး မြောင်ရွာသို့ ပြန်လည် ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

“၃ ရက်တာဖြစ်ပွားခဲ့တဲ တိုက်ပွဲအတွင်းမှာ စစ်ခွေးတွေဘက်က ဗိုလ်ကြီး စိုးပြည့်ကျော် အပါအဝင် စစ်သား ၁၈ ကောင် သေဆုံးတယ်။ စစ်ခွေးတွေက ဒရုန်းနဲ့ ဗုံးကျဲတာ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေက ဆက်တိုက်ကို လုပ်ဆောင်သွားတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article