28.7 C
Yangon

မြန်မာ-အိန္ဒိယ နယ်စပ်အနီးရှိ ခမ်းပါတ်မြို့နှင့် ကနန်ရွာကို စစ်တပ်က လေယာဉ်၊ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်သေဆုံးမှုများပြားပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးရန် ပြင်ဆင်နေ

Must read

ရန်ကုန်၊ ဇွန် ၄

မြန်မာ-အိန္ဒိယ နယ်စပ်အနီးရှိ စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့နှင့် ကနန်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုများပြားပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ခမ်းပါတ် ပကဖ ထုတ်ပြန်ချက်နှင့် ဒေသစစ်ရေးသတင်းရင်းမြစ် ပြောဆိုချက်အရ သိရသည်။

ဇွန်လ ၄ ရက်နေ့ နံနက် အစောပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ခမ်းပါတ်မြို့နှင့် အနီးအနားရှိ ကနန်ရွာကို လေယာဉ်၊ ဒရုန်းများဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်သေဆုံးမှုများပြားပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“စစ်ခွေးတွေက ခမ်းပါတ်မြို့နဲ့ ကနန်ရွာကို လေယာဉ်၊ ဒရုန်းတွေနဲ့ ဆက်ကိုကျဲသွားတာ ကျနော်တို့ ကြားသိထားရတာတော့ ထိခိုက်ဒဏ်ရာရရှိသူတော်တော်များတယ်။ သေဆုံးသူတွေလည်းရှိတယ်။ အရေအတွက်ကို အတည်မပြုနိုင်သေးတာ စစ်ခွေးတွေက ပြည်သူတွေ အိပ်မောကျနေတဲ့ အချိန်ကို အကြိမ်ကြိမ် ကျဲချ တိုက်ခိုက်သွားတာ” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် မြေပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း မြန်မာ-အိန္ဒိယ နယ်စပ် ကဘော်ချိုင့်ဝှမ်းဒေသမှလည်း စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီး တော်လှန်ရေးတပ်များကလည်း ခုခံ တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း ခမ်းပါတ် ပကဖ က အသိပေးထုတ်ပြန်ထားသည်။

“စစ်ခွေးရဲ့ ရည်မှန်းချက်က ကဘော်ချိုင့်ဝှမ်းကို စစ်မျက်နှာ သုံးခုနဲ့ ဝင်မယ်လို့ သတင်းရရှိထားပါတယ်။ ပကဖ တွေနဲ့ ညီနောင် လက်နက်ကိုင် အဖွဲ့ များလည်း အဆင်သင့် ပြင်ဆင်နေကြပါတယ်။ လက်နက်ခဲယမ်းများ အရမ်းလဲ လိုအပ်နေပါတယ်။ အင်အား အလုံးရင်းနဲ့ ဝင်လာမယ်ဆိုတော့ ကိုယ့်ဘက်ကနေ အားလုံး ကြိုတင်ပြင်ဆင်ဖို့လိုအပ်ပါတယ်” ဟု ခမ်းပါတ် ပကဖ က ပြောဆိုထားသည်။

ခမ်းပါတ်မြို့နှင့် စစ်တပ်စခန်းအားလုံးကို ၂၀၂၃ ခုနှစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ညီနောင် တိုင်းရင်းသား မဟာမိတ် တပ်ဖွဲ့များက ပူပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် ကနန်ကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သေဆုံးခဲ့သော ကလေး ၅ ဦးအပါအဝင် ပြည်သူ ၁၅ ဦး (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article