28.7 C
Yangon

နတ်မောက်နှင့် ရေဦးမြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းနှင့် တပ်စွဲထားသော နေရာကို တိုက်ခိုက်မှု စစ်ကား ၁ စီး ပျက်စီး

Must read

ရန်ကုန်၊ ဇွန် ၄

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီးထိခိုက်ပျက်စီးသွားခဲ့ကြောင်း နတ်မောက်ဂဠုန် PDF အဖွဲ့မှ ဗိုလ်အောင်ဒင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇွန်လ ၃ ရက်နေ့ ည ၈ နာရီခန့်တွင် ပျဉ်းမနားတပ်၊ ရွာမွန်တပ်နှင့် မိတ္ထီလာတပ်တို့မှ စစ်သားများ ပူးပေါင်းထားသော စစ်ကြောင်းသည် နတ်မောက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ကွင်းကြီးကျေးရွာနှင့် သီးချောင်းကျေးရွာ အကြားတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ စစ်ကား ၁ စီး ထိမှန် ပျက်စီးခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေး စစ်ကြောင်းက နှစ်ကြောင်းပါ။ တောင်တွင်းကြီးတပ်ရယ် ကအစ ၁၇ ရယ် ၊ ရွာတပ်ရယ် တစ်ဖွဲ့ပါ။ နောက်တစ်ဖွဲ့ကတော့ ဦးယာဉ်ဘက် ရွာတော်ဘက်က ထိုးတဲ့ စစ်ကြောင်းကတော့ ရွာတပ်အဖွဲ့ပါတယ်။ မိတ္တီလာတပ်ပါတယ်။ ပျဉ်းမနားတပ်တွေပါတယ်။ မိတ္တီလာ ပျဉ်းမနားဘက်ကလာတဲ့ စစ်ခွေး စစ်ကြောင်းကို ကျွန်တော်တို့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး စစ်ကြောင်းကို ကွင်းကြီးကျေးရွာနဲ့ သီးချောင်းကျေးရွာ အကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး သေစာရင်းကတော့ ကျွန်တော် ဆက်လက်စုံစမ်းဆဲပါ။ စစ်ကား ၁ စီးကတော့ ပျက်စီးသွားတယ်။ စစ်ခွေးဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုးမရှိပါဘူး။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု နတ်မောက်ဂဠုန် PDF အဖွဲ့မှ ဗိုလ်အောင်ဒင်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ၉၀၃ တပ်ရင်းနှင့် တပ်ရင်း ၉၀၂ တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့ မြောက်ဘက်ရှိ စစ်သားနှင့် ပျူစောထီးများ အထိုင်ချတပ်စွဲထားသော စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေဦးမြို့နယ် ပကဖ က ထုတ်ပြန်ထားသည်။

ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ရေဦးမြို့ မြောက်ပိုင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသော သော ရေဦးမြို့မြောက်ဘက်ရှိ စစ်သားနှင့် ပျူစောထီးများ အထိုင်ချ တပ်စွဲထားသည့် စခန်းကို ရေဦးမြို့နယ် ပကဖ (လက်ရုံးတပ်) က ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ဓာတ်ပုံ – ကရင်နီပြည်နယ်တွင် မိုင်းဆွဲခံထားရသော စစ်ကားတစ်စီး (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article