28.7 C
Yangon

မြင်းခြံတွင် စစ်တပ် စစ်ကြောင်းက ပစ်ခတ်မှု အမျိုးသမီး ၁ ဦး ကျည်ထိမှန်၊ နွားထိုးကြီးရှိ အုတ်ရှစ်ကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇွန် ၄

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်ချောင်းကျေးရွာကို ရောက်ရှိနေသော စစ်တပ် စစ်ကြောင်းက ပြည် သူများကို ဖမ်းဆီးထားပြီး သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဧရာဝတီမြစ်တဖက်ကမ်းရှိ ပန်း ညိုကျေးရွာမှ အမျိုးသမီး ၁ ဦး ဦးခေါင်းကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း CDSOM မှ ကိုနွေဦး (မြောင်) က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၄ ရက် နံနက် ၇ နာရီ ၂၅ မိနစ်က မြင်းခြံမြို့နယ်၊ ဆင်ချောင်းကျေးရွာသို့ ရောက်ရှိ နေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ဒေသနေပြည်သူများကို ဖမ်းဆီးထားပြီး လက်နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဧရာဝတီမြစ်တဖက်ကမ်း ရှိ မြောင်မြို့နယ်၊ ပန်းညိုကျေးရွာသို့ ကျည်ရောက်ရှိကာ အမျိုးသမီးတစ်ဦး ဦးခေါင်းကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ဒဏ်ရာကတော့ မစိုးရိမ်ရဘူး။ ဟိုဘက်ကမ်းကနေဆိုတော့၊ ဧရာဝတီမြစ်ကိုကျော်ပြီးမှ ဒီဘက်ကမ်း က ရွာကို ကျည်ကရောက်တာဆိုတော့၊ ရောက်တော့လည်း တိုက်ရိုက်မှန်တာမဟုတ်ဘူး။ မဏ္ဍပ်ရှိ တယ်၊ အဲဒီမဏ္ဍပ်ကို ဖောက်ပြီးမှ မှန်တာဆိုတော့ စိုးရိမ်ရတဲ့အနေအထားတော့ မဟုတ်ဘူး။ ထိမှန် တာက ဟုတ်ပါတယ်။ ဆင်ချောင်းနဲ့ပန်းညိုကတော့ ဧရာဝတီမြစ်ရဲ့ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းဆို တော့ ဆင်ချောင်းက တော့ မြင်းခြံနယ်၊ ပန်းညိုကတော့ မြောင်နယ်ပေါ့၊ ကြားက ဧရာဝတီမြစ်ခြား နေတာ။ လောလောဆယ်တော့ကတော့ ညောင်တိုရွာထဲရောက်နေပြီ။ ပြည်သူတွေ ဖမ်းဆီးထားရှိ တယ်လို့တော့ သိရတယ်။ လက်ရှိက သူတို့(စကစ)လည်း ရှိနေတုန်းဆိုတော့ အသေးစိတ်တော့မသိရသေးဘူး။ ဘယ်လိုတွေနှိပ်စက်နေလဲ၊ ဘာလဲဆိုတာတော့ မသိရသေဘူး။ မီးရှို့တာတွေဘာတွေ တော့အခုချိန်အထိ မတွေ့ရသေးဘူး” ဟု CDSOM မှ ကိုနွေဦး (မြောင်) က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းစစ်တပ်စစ်ကြောင်းသည် ညောင်တိုကျေးရွာအထိ ဆက်လက် စစ်ကြောင်းထိုးဝင်ရောက်နေပြီး ဒေသနေမိဘပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေထိုင်ပေးကြပါရန်နှင့် စစ်တပ်စစ် ကြောင်းက အင်အားများသည့်အပြင် လက်နက်ကြီး၊ လက်နက်ငယ် အစုံအလင်ပါသောကြောင့် မြောင်မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့်လည်း ဂရိုစိုက်နေထိုင်ပေးကြပါရန် မေတ္တာရပ်ခံ ထား သည်။

ထို့ပြင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ အုတ်ရှစ်ကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၄ ရက်နေ့တွင် နံနက်ပိုင်းတွင် နွားထိုးကြီးမြို့နယ်၊ အုတ်ရှစ်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ထိုမီးရှို့ဖျက်ဆီးမှုအတွင်း ပျက်စီးသွားသော နေအိမ် အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ဒီနေ့ နံနက်ပိုင်းမှာ နွားထိုးကြီးနယ် ထန်းတောမရွာနဲ့ သင်းတပေါ့ရွာကနေ ထွက်လာတဲ့ စစ်ခွေး စစ်ကြောင်းက အုတ်ရှစ်ကုန်းကျေးရွာကို ဝင်ရောက်စီးနင်းပြီးတော့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာ နေအိမ်ဘယ်လောက်ပျက်စီးတယ်ဆိုတာကတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article