27 C
Yangon

ရုရှား IL76TD ကုန်တင်လေယာဥ် နေပြည်တော်သို့ ၃ ကြိမ် ဆက်တိုက်လာရောက်နေ၊ စစ်လေယာဉ်အစိတ်အပိုင်းနှင့် လက်နက်များ ပို့ဆောင်ဖွယ်ရှိ၊ လက်ငင်းငွေချေရ၍ စစ်တပ်ကဒေါ်လာများ လိုက်သိမ်းဟု သုံးသပ်

Must read

ရန်ကုန်၊ ဇူလိုင် ၂၇

ရုရှား IL76TD ကုန်တင်လေယာဉ်သည် ရုရှားနိုင်ငံမှ နေပြည်တော်သို့ ယခုရက်ပိုင်းအတွင်း ဇူလိုင်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ နေ့စဉ် ဆက်တိုက် အသွားအပြန် ၃ ကြိမ်လာရောက် လျက်ရှိပြီး စစ်လေယာဉ်အစိတ်အပိုင်းများနှင့်လက်နက်ခဲယမ်းများ ပို့ဆောင်ဖွယ်ရှိကြောင်း သိရှိရသည်။

ဇူလိုင်လ ၂၅ ရက်နေ့တွင် ရုရှားIL76TD ကုန်တင်လေယာဉ် ဆိုက်ရောက်လာပြီး ဇူလိုင် ၂၆ ရက်နေ့ တွင် ပြန်လည် ထွက်ခွာသွားကြောင်း၊ ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင်လည်း ရုရှား IL76TD ထပ်မံ ရောက်ရှိမည်ဖြစ်ပြီး ဇူလိုင်လ ၂၈ ရက်နေ့တွင် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း၊ ဇူလိုင် ၂၉ ရက်နေ့တွင် ရုရှားကုန်တင်လေယာဉ် လာရောက် မည်ဖြစ်ပြီး ဇူလိုင် ၃၁ ရက်နေ့တွင် ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။

ရုရှားကုန်တင်လေယာဉ် IL76TD သည် ဆက်တိုက် ၃ ကြိမ်လာရောက်ခြင်းမှာ စစ်လေယာဉ်အစိတ်အပိုင်းနှင့် လက်နက်များ လာရောက်ပို့ဆောင်ခြင်း ဖြစ်နိုင်ဖွယ်ရှိနိုင်ကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်တပ်က ဒေါ်လာ လိုက်လံသိမ်းဆည်းနေခြင်းသည် လေယာဉ်သုံး ဒုန်းလက်နက်နှင့် အခြားလက်နက်ခဲယမ်းများ လိုအပ်ချက်ကို ဝယ်ယူ ဖြည့် ဆည်းရန် ဖြစ်နိုင်ကြောင်း စစ်တပ်သတင်းရင်းမြစ် Operation Spitfire က ပြောသည်။

“အခုစစ်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ အရမ်းသုံးနေတော့ လေယာဉ်ဆီမလောက်တာတွေ၊ ကျည်ရော့ကတ် လက်နက်ခဲယမ်း လိုတာတွေ ဖြစ်လာပြီ။ ရုရှားကလည်း အခုလက်နက်ခဲယမ်းရောင်းချတာတွေကို ငွေသားနဲ့ ချက်ချင်းလာသိမ်းတဲ့သဘောရှိတယ်။ဒီအထိလာပြီး လာယူတယ်။ ရုရှားက ယူကရိန်းစစ်ပွဲ ဖြစ်ကတည်းက နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့ခံရတာတွေကြောင့် ငွေသားကို လက်ငင်းပဲလာယူတယ်။ နေပြည်တော်အထိ လေယာဉ်နဲ့လာယူတယ်။ အဲဒါကြောင့် တိုင်းပြည်ပျက်ရင် ပျက်ပါစေ ဒေါ်လာတွေကို စစ်တပ်က လိုက်သိမ်းနေတယ်။ သူတို့လိုချင်တဲ့ လက်နက်တွေ ဝယ်ဖို့အတွက် ” ဟု Operation Spitfire က သုံးသပ် ပြောသည်။

ဓာတ်ပုံ- ရုရှား IL76TD ကုန်တင်လေယာဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article