26.2 C
Yangon

၈ မိုင်အကွာအဝေးမှ ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်သည့် ရော့ကတ်များကို အောင်မြင်စွာ ထုတ်လုပ်ဟု Saw Dragon Drone Force – SDDF က ကြေညာ

Must read

ရန်ကုန်၊ ဇွန် ၁၀

၈ မိုင်အကွာအဝေးရှိသော ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်သည့် မစ်ဆိုင်းရော့ကတ်များကို အောင် မြင်စွာ ထုတ်လုပ်ထားနိုင်ပြီဖြစ်ကြောင်း Saw Dragon Drone Force – SDDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

၂၀၂၁ ခုနှစ်၊ အကြမ်းဖက်စစ်ကောင်စီ၏ မတရားအာဏာသိမ်းချိန်မှစတင်၍ Saw Dragon Drone Force – SDDF တပ်ရင်းသည် အာဏာရှင်စနစ်ကျဆုံးရေးအတွက် မိမိတို့ တတ်စွမ်းသည့် နည်းပညာ ရပ်များဖြင့် အရှိန်အဟုန်မပျက် ပါဝင်ဆင်နွှဲလာခဲ့ရာ ယခုအခါ ၅ နှစ်တာကာလသို့ရောက်ရှိခဲ့ပြီဖြစ် ကြောင်း ၊ ၅ နှစ်တာကာလအတွင်း ပြည်သူများ၏ တစ်ခဲနက်ထောက်ပံ့ကူညီမှု၊ အားပေးဝန်း ရံမှုများကြောင့် ကိုယ်တိုင်တီထွင်ထုတ်လုပ်ထားသည့် “Missile Rocket” လက်နက်ကြီးများသည် လက်ရှိအချိန်တွင် အကွာအဝေးအားဖြင့် ၄ မိုင် ၊ ၆ မိုင် ၈ မိုင် အထိ တိကျစွာ ပစ်ခတ်တိုက် ခိုက်နိုင် သည့် အဆင့်သို့ ရောက်ရှိအောင်မြင်လာပြီ ဖြစ်ပြီး သိသာထင်ရှားသော အောင်မြင်မှုများ ရရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။

“အခုလိုအောင်မြင်မှုတွေကလည်း ပြည်သူလူထုရဲ့ အားပေးမှု၊ ထောက်ပံ့မှုတွေကြောင့်သာ အောင် မြင်လာတာဖြစ်ပါတယ်။ တော်လှန်မိဘပြည်သူတွေအနေနဲ့ ဆက်လက်ပြီးတော့ ပါဝင်ပေးကြဖို့၊ အာဏာ ရူးတသိုက်အမြစ်ပြတ်တဲ့အထိ အဆုံးသတ်တိုက်ပွဲ ပါဝင်ဆင်နွှဲပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်” ဟု Saw Dragon Drone Force – SDDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ အဝေးပစ်ရော့ကတ်များကို ထုတ်လုပ်နိုင်ခြင်းမှာ ပြည်သူလူထု၏ သွေး၊ ချွေး၊ ထောက်ပံ့မှုများကြောင့် ရရှိလာသည့် တော် လှန်ရေး၏ အသီးအပွင့်များပင် ဖြစ်ကြောင်း၊ ထို့အပြင် SDDF တပ်ရင်းအနေဖြင့် ယခုအောင် မြင်မှုများတွင် ရပ်တန့်နေမည်မဟုတ်ဘဲ ခေတ်မီနည်းပညာများ ပေါင်းစပ်ထားသည့် အဆင့်မြှင့်တင် ထားသော (Updated) တီထွင်မှုအသစ်များ ကိုလည်း ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ပြော ဆိုသည်။

သို့ဖြစ်ပါ၍ တော်လှန်ပြည်သူများအနေဖြင့် အဆုံးသတ်အောင်ပွဲသို့ ရောက်ရှိသည်အထိ ဆက် လက် လက်တွဲ ပါဝင်ပေးကြပါရန် နှင့် SDDF တပ်ရင်းအနေဖြင့်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိ သမျှကို အသုံးပြု၍ အကြမ်းဖက်အာဏာရူးများအား အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ထုတ်သွားမည် ဖြစ်ကြောင်း တိုက်တွန်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article