24 C
Yangon

ပေါက်မြို့နယ်၊ ကျားပစ်ကန်ကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက် နက်ကြီးကျည်ထိမှန်၍ အသက် ၆ နှစ်အရွယ် မသိမ့်သိမ့်ဖြူ သေဆုံး၊ အသက်မပြည့် သေးသည့် အခြေခံပညာကျောင်းသား ၂ ဦးဖြစ်သည့် မောင်လမင်းမောင်မောင်နှင့် မောင်မိုးယံထက်ကို ပါးစပ်ထဲ သေနတ်ပြောင်းတေ့၍ စစ်တပ်က ပစ်သတ်

Must read

ရန်ကုန်၊ ဇူလိုင် ၂၈

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကျားပစ်ကန်ကျေးရွာကို စစ်တပ်က ယမန်နေ့ ဝင်ရောက်စီးနင်းရာတွင် လက်နက်ကြီးများဖြင့် ကျေးရွာကို ပစ်ခတ်ခဲ့ပြီး အသက် ၆ နှစ်အရွယ် မသိမ့်သိမ့်ဖြူမှာ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဇူလိုင် ၂၇ ရက်နေ့ တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ကျားပစ်ကန်ကျေး ရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက် နက်ကြီးများ ပစ်ခတ်၍ ဝင်ရောက် လာကြောင်း၊ ကျေးရွာအတွင်းသို့ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရွာသူ ရွာ သားများ ထိမှန်ဒဏ်ရာများရရှိကြောင်း၊ ကိုဇော်နိုင်နှင့် မတင် ဆွေဦးတို့၏ သမီးဖြစ်သူ အသက် ၆ နှစ်အရွယ် မသိမ့်သိမ့်ဖြူမှာမူ လက် နက်ကြီးထိမှန်၍ သေဆုံးသွားကြောင်း သိရှိရသည်။

“မနေ့က စစ်ခွေးတွေက လက်နက်ကြီးနဲ့ ရမ်းပစ်နေလို့ ကျားပစ်ကန်ရွာက အိမ်တစ်လုံးပေါ်ကျတယ်။ အဲဒါ ၆ နှစ်သမီးလေး ပွဲချင်းပြီးသေပါတယ်။ ဒီနေ့မှာ စစ်တပ်က ရွာကို မီးရှို့တယ်။ မနေ့က လက်နက်ကြီးထိလို့ ဆုံးသွားတဲ့ သမီးလေး နာမည်က မသိမ့်သိမ့်ဖြူပါ။ မိဘတွေက ကိုဇော်နိုင်နဲ့ မတင်ဆွေဦးပါ။ လက်နက်ကြီးတွေ ရွာထဲ ကျတော့ ကလေးတွေရော လူကြီးတွေရော ထိပြီး ဒဏ်ရာရကြတယ်။ မသိမ့်သိမ့်ဖြူကတော့ လက်နက်ကြီးထိတာက သေကွင်းသေကွက်ကို ထိပြီး ဆုံးပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာမှ အသက် မပြည့် သေးသည့် အသက် ၁၆ နှစ်အရွယ် အခြေခံပညာ ကျောင်းသား ၂ ဦးဖြစ်ကြသည့် မောင်လမင်းမောင်မောင်နှင့် မောင်မောင်မိုးယံထက်တို့ကို ဇူလိုင်လ ၂၇ ရက်နေ့တွင် စစ်တပ်က ပါးစပ်ထဲ သေနတ်တေ့၍ ပစ်သတ်သွားကြောင်း ဒေသခံများက ပြောသည်။

“မြိုင်မြို့နယ်၊ကျောက်ဆောက်ကျေးရွာမှာ အသက်မပြည့်သေးတဲ့ကလေးနှစ်ယောက်ကို ပါးစပ်ထဲ သနတ်ပြောင်းထည့်ပြီး ပစ်သတ်သွားပါတယ်။ ပြီးမှ အ လောင်းတွေ ကိုမီးရှို့သွားပါတယ်။ ရွာသားတချို့က ရွာထဲမှာ ပုန်းခိုနေရင်း ဒါကို မြင်ရတာပါ။ ဒီမနက်မှာတော့ ရွာကို မီးရှို့နေပါတယ်။ ကျောင်းသား လေးတွေကို PDF တွေဆိုပြီး စစ်တပ်က သတ်ဖြတ်သွားတာပါ” ဟု ကျောက်ဆောက်ကျေးရွာသားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံပြောဆိုသည်။

ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းနှင့်စစ်ကိုင်းအတွင်းရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးရှို့မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားသော အသက် ၆ နှစ်အရွယ် မသိမ့်သိမ့်ဖြူ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article