25.2 C
Yangon

ငဖဲမြို့နယ်တွင် ခမရ ၅၆၂ တပ်ရင်းမှ ဒုတပ်စိတ်မှူး အောင်မင်းဦး သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်၊ သရက်ချောင်းတွင် ပစ်ခတ်ခံရသော ပျူစောထီး ဝင်းဇော် ဆေးရုံတွင် သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၁

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် ခမရ ၅၆၂ တပ်ရင်းမှ ဒုတပ်စိတ်မှူး အောင်မင်းဦး သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၈ ရက်နေ့တွင် ငဖဲမြို့နယ်အတွင်း လှုပ်ရှားနေသော မစခ ၉၀၅ လက် အောက်ခံ ခမရ ၅၆၂ တပ်ရင်းမှ ဒုတပ်စိတ်မှူး အောင်မင်းဦးသည် လက် နက်ခဲယမ်းများနှင့်အတူ မင်းဘူးခရိုင်အမှတ် ၈ တပ်ရင်းထံ အလင်းဝင်ရောက်ခဲ့ကြောင်း၊ ၎င်းနှင့်အတူ MA-2 အမျိုးအစား သေနတ် ၁ လက် ၊ MA-3 အမျိုးအစား သေနတ် ၁ လက် ၊ လက်ပစ်ဗုံး ၂ လုံး ၊ ကျည် ၃၂၈ တောင့် ၊ကျည်အိမ် ၆ ခု ၊ Amour ၁ စုံ တို့ကို ယူဆောင်လာကြောင်း သိရသည်။

“ကျနော်တို့အဖွဲ့ဆီ တိုက်ရိုက် ဆက်သွယ်ချိတ်ဆက်လာတာကြောင့်သွာ းရောက် ခေါ်ဆောင်ခဲ့တာပါ။ အလင်းဝင်ရောက်လာတဲ့သူကို ဂုဏ်ပြုဆုငွေ ချီး မြှင့်ပေးဖို့ စီစဥ်ထားပါတယ်။ အလင်းဝင်ရောက်လာတဲ့သူက စစ်မှုထမ်းတပ် သားသစ်ပါ။ စစ်မှုထမ်း အပတ်စဥ် ၁၇ ပါ။ စစ်မှုထမ်းသင်တန်းကျောင်းက တော့ ဂျိုးဖြူအမှတ် (၁) တပ်မတော်​တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာ တက်ရောက်ခဲ့တယ်လို့ သိရပါတယ် ” ဟု မင်းဘူးခရိုင် အမှတ် ၈ တပ်ရင်း Wolf အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မင်းဘူးခရိုင်အမှတ် ၈ တပ်ရင်းက အလင်းဝင်တပ်သားကို လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရန် စီစဥ်ဆောင်ရွက်ပေးထားပြီး ဂုဏ်ပြုဆုငွေ ချီးမြှင့်ရန်အတွက်ကိုလည်း စီစဥ်ဆောင်ရွက်ပေးထားကြောင်း၊ လက်နက်ချ၍ ပြည်သူ့ရင်ခွင်ခိုလှုံလိုသော စစ်ကော်မရှင်တပ်သားများကို မင်းဘူးခရိုင်အမှတ် ၈ တပ်ရင်းမှ လက်ခံကြိုဆိုလျက်ရှိပြီး လူ့အခွင့်အရေးအပြည့်အဝရရှိစေကာ မိသားစုနှင့် ပြန်လည်တွေ့ဆုံနိုင်ရန် ကူညီပေးမည်ဖြစ်ကြောင်း ပြောဆိုထား သည်။

ထို့ပြင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် ပစ်ခတ်တိုက်ခိုက်ခံရသော ပျူစောထီး ဝင်းဇော် ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် သရက်ချောင်းမြို့နယ်အတွင်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ပူးပေါင်းပါဝင်နေသော ပျူစောထီး ဝင်းဇော်ကို အမည်မသိ သေနတ်သမားများက ပန်းတောရပ်ကွက် စစ်တပ်ဂိတ်အနီးရှိ လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဝင်းဇော်ကို သရက်ချောင်းမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေစဉ် ညနေပိုင်း၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဝင်းဇော်က လက်ဖက်ရည်ဆိုင်မှာရှိနေတုန်း သေနတ်နဲ့ ပစ်ခံရတာ မနေ့က ညနေပိုင်းမှာပဲ ဆေးရုံမှာသေပြီ” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article