26.5 C
Yangon

မြန်မာစစ်တပ်ထံသို့ ကမ်းရိုးတန်းစောင့်ကြည့်ရေး ရေဒါများ ရောင်းချခဲ့သည့် ပြင်သစ်ကုမ္ပဏီ Thales ကို အရေးယူရန် လူ့အခွင့်အရေးအဖွဲ့များ ပူးတွဲတောင်းဆို

Must read

ရန်ကုန်၊ ဇွန် ၁၃

မြန်မာစစ်တပ်ထံ ဥရောပသမဂ္ဂ (EU) ၏ ပိတ်ဆို့အရေးယူမှုများကို လျစ်လျူရှုကာ “Coast Watcher” ဟုခေါ်သည့် ကမ်းရိုးတန်းစောင့်ကြည့်ရေး ရေဒါများ တိုက်ရိုက်ရောင်းချခဲ့သည့် ပြင်သစ် Thales ကုမ္ပဏီကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနှင့် ၎င်းအား ဥပဒေအရ အရေးယူပေးရန် မြန်မာနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ပြင်သစ်အစိုးရထံoသို့ ပူးတွဲတောင်းဆိုလိုက်ကြသည်။

Info Birmanie၊ ACAT France၊ CCFD-Terre Solidaire နှင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH – International Federation for Human Rights)

Justice For Myanmar (JFM)၊ Info Birmanie၊ ACAT France၊ CCFD-Terre Solidaire နှင့် နိုင်ငံ တကာလူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH – International Federation for Human Rights) အဖွဲ့အစည်းများက ဇွန်လ ၁၂ ရက်နေ့က ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး Thales ကုမ္ပဏီ၏ အကျင့်ပျက် ခြစားမှုများကို အချက်အလက်များနှင့်တကွ ဖော်ထုတ်ခဲ့ခြင်းဖြစ် သည်။

အဆိုပါ ဖော်ထုတ်ချက်များအရ Thales ကုမ္ပဏီသည် မြန်မာစစ်တပ်ထံသို့ ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ယူရို ၁၆ သန်း တန်ဖိုးရှိ စစ်သုံးပစ္စည်းများကို ရောင်းချခဲ့ကြောင်း သိရသည်။ ထို့ပြင် စစ် တပ်၏ ပစ္စည်းဝယ်ယူရေးရုံးနှင့် ကြားခံပွဲစား ခရိုနီကုမ္ပဏီတစ်ခုဖြစ်သည့် “ကြည်သာကုမ္ပဏီ” ထံသို့ တိုက်ရိုက်လိပ်မူထားသည့် ယူရို ၉ သန်းကျော်တန်ဖိုးရှိ ငွေတောင်းခံလွှာ (Invoice) အပါအဝင် ခိုင် လုံသော အထောက်အထား အချက်အလက်များကိုပါ ပူးတွဲဖော်ထုတ်နိုင်ခဲ့သည်။

Justice For Myanmar နှင့် မဟာမိတ်အဖွဲ့များက Thales ကုမ္ပဏီနှင့် ၎င်း၏ ရှယ်ယာရှင်များအနေဖြင့် ယခင်က ရောင်းချခဲ့သော စစ်ကောင်စီ၏ စက်ပစ္စည်းများအတွက် ပြုပြင်ထိန်းသိမ်းမှုအပိုင်း (Maintenance) ဆောင်ရွက်ပေးခြင်းနှင့် စနစ်လည်ပတ်မှုဆိုင်ရာ ဆော့ဖ်ဝဲလ်များ (Software) အဆင့်မြှင့်တင်ပေးခြင်း အပါအဝင် မြန်မာစစ်တပ်နှင့် ဆက်နွှယ်ပတ်သက်နေသည့် လုပ်ငန်းစဉ်အားလုံးကို ချက်ချင်းအဆုံးသတ်ရန် သတိပေးထားသည်။

တစ်ဆက်တည်းမှာပင် Thales ကုမ္ပဏီအနေဖြင့် အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို လိုက်နာခြင်းမရှိဘဲ ချိုးဖောက်ခဲ့မှုအပေါ် ပြင်သစ်အစိုးရအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ချက်ချင်းပြုလုပ်ကာ ဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုထားသည်။ ၎င်းအပြင် စစ်တပ်၏ အဓိက ကြားခံပွဲစားများဖြစ်သည့် ကြည်သာကုမ္ပဏီနှင့် ကေတီဂရု (KT Group) တို့ကိုပါ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများက ထပ်တိုးပိတ်ဆို့မှုများ ချမှတ်ပေးရန် တိုက်တွန်းထားသည်။

လူ့အခွင့်အရေး ပူးပေါင်းအဖွဲ့များသည် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) အနေဖြင့်လည်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ထံသို့ အမြန်ဆုံး လွှဲပြောင်းပေးရန် တိုက်တွန်းတောင်းဆိုထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article