26.6 C
Yangon

မြင်းခြံမြို့နယ် ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးဟုဆို

Must read

ရန်ကုန်၊ ဇွန် ၁၆

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် အကြမ်း ဖက်စစ် တပ် ကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ ထံမှ သိရသည်။

ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ကျည်းပင်ကန်ကျေးရွာဘက်မှ ရွာသစ်ကျေးရွာဘက်သို့ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ စစ်တပ်စစ် ကြောင်းက ဆိပ်ကုန်းဘက်မှ ရွာသစ်ကျေးရွာ တောင်ဘက်အနီး ရောက်ရှိစဉ်တော်လှန် ရေးတပ်များနှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၅ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ အများ အပြားရှိခဲ့ပြီး သေဆုံးဒဏ်ရာရသူများကို မြင်းခြံမြို့ဘက်သို့ ပြန်လည်သယ်ဆောင်သွားကြောင်း သိရသည်။ ထို့ပြင် တိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော် ၁ ဦးလည်း မစိုးရိမ်ရ (မပြင်းထန်) သည့် ဒဏ်ရာရရှိခဲ့သည်။

နဂါးနီပြောက်ကျားတပ်ဖွဲ့ – မြင်းခြံမှ တာဝန်ခံက “စစ်ခွေးအသေအပျောက်ကတော့ အနည်းဆုံး ၅ ကောင်လောက်တော့ သေတယ်။ ဒဏ်ရာရတာတော့ များတယ်။ စစ်ခွေးဘက်က လက်နက်ခဲယမ်းတော့ သိမ်းဆည်းရမိတာမျိုး မရှိဘူး။ ကျွန်တော်တို့ တက်လုံးမယ့် အချိန်ကို သူတို့ဘက်က ဒရုန်းတွေနဲ့ လိုက်ချတာဆိုတော့ အဲဒီလိုမျိုးအထိ မရလိုက်ဘူး။ ဒရုန်းနဲ့ လိုက်ချတော့ ကျွန်တော်တို့ ပြန်ဆုတ်ခဲ့ရတာပေါ့။ ကိုယ်လူလည်း ဒဏ်ရာရလာခဲ့တာဆိုတော့ အဲဒါကြောင့်ပါ။ စစ်ခွေးစစ်ကြောင်းကို ဆိပ်ကုန်းဘက်ကနေ တက်လာတော့ ရွာသစ်ကျေးရွာ တောင်ဘက်နားလေးမှာ တိုက်ပွဲဖြစ်တာပါ” ဟု မြေပြင်အခြေအနေကို ရှင်းပြသည်။

ထို့ပြင် စစ်တပ်စစ်ကြောင်းက တိုက်ပွဲဖြစ်ပွားပြီးနောက် မကျီးစုကျေးရွာဘက်သို့ ပြန် လည် ဆုတ်ခွာသွားခဲ့ပြီး၊ ဆုတ်ခွာစဉ်အတွင်း မကျီးစုရွာမှ ဒေသခံပြည်သူအချို့ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အဆိုပါ အကြမ်းဖက်စစ်ကြောင်းက နဘူးအိုင်ကျေးရွာဘက်သို့ ရောက်ရှိနေကြောင်း သိရသည်။

စစ်ဆင်ရေးတိုက်ခိုက်မှုကို မြင်းခြံတိုက်နယ် ၃ နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ ဒေသတွင်းရှိ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း၍ ဖော်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article