မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းများနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးကို အစွမ်း ကုန် အာမခံချက်ပေးမည်ဟု မင်းအောင်လှိုင်က ကတိပြု
ရန်ကုန်၊ ဇွန် ၁၆
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ Belt and Road စီမံကိန်းများ ဘေးကင်းလုံခြုံရေး အာမခံချက်ပေးရန် တရုတ်သမ္မတရှီကျင့်ပင်က အကြမ်းဖက် မင်းအောင်လှိုင်ကို ပြောဆိုကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အထိ တရုတ်နိုင်ငံသို့ ရောက်ရှိနေသော အကြမ်း ဖက် မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် တရုတ်သမ္မတက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ Belt and Road အဓိကစီမံကိန်းများအား ဘေးကင်းလုံ ခြုံရေး အာမခံချက်ပေးရန်နှင့် စီမံကိန်းတည်ဆောက်မှုများကို တည်တည်ငြိမ်ငြိမ် မြှင့်တင်သွားရန် တရုတ်သမ္မတက ဆိုသည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံသည် ‘ပတ်လမ်းနှင့် လမ်းကြောင်း’ (Belt and Road) ပူး ပေါင်း ဆောင်ရွက်မှု၏ ထိပ်တန်းစီမံကိန်းဖြစ်သဖြင့်၊ နှစ်နိုင်ငံလုံးအနေဖြင့် ဘေးကင်းလုံ ခြုံ ရေးကို အာမခံချက်ပေးသည့် အခြေခံပေါ်တွင် အဓိကစီမံကိန်းများ တည်ဆောက်မှုကို တည်တည်ငြိမ်ငြိမ် မြှင့်တင်သွားရန် လိုအပ်ပြီး၊ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ပြည်သူတို့၏ လူနေမှုဘဝ မြှင့်တင်ရေးကို ပံ့ပိုးပေးရမည်ဟု သူက ဆက်လက် ပြောဆိုသည်။
ထို့ပြင် အွန်လိုင်းလောင်းကစားမှု၊ တယ်လီကွန်းလိမ်လည်မှု (Online Fraud) နှင့် မူးယစ်ဆေးဝါး ကုန်သွယ်မှု အပါအဝင် ရာဇဝတ်မှုများကို ဆက်လက်နှိမ်နင်းသွားရန်နှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုး စီးပွားနှင့် လုံခြုံရေးကို အပြည့်အဝ ကာကွယ်စောင့်ရှောက်သွားရန် လိုအပ်ကြောင်း၊ မြန် မာနိုင်ငံမြောက်ပိုင်းတွင် ရေရှည်တည်ငြိမ်အေးချမ်းမှု ရရှိစေရန် တရုတ်နိုင်ငံက ထောက်ခံကြောင်း ပြောကြားခဲ့သည်။
ရှီကျင့်ဖျင်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်အရှည်လျားဆုံး ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ယုံကြည်စိတ်ချရသော မိတ်ဆွေနှင့် မိတ်ဖက်ဖြစ်ကြောင်း ၊ ပြောင်း လဲလှုပ်ခတ်နေသော နိုင်ငံတကာ အခင်းအကျင်းတွင် နှစ်ဖက်စလုံးအနေဖြင့် မဟာဗျူဟာမြောက် ပြတ်သားမှုရှိရန်နှင့် စည်းလုံးညီညွတ်မှုများကို မြှင့်တင်ရန် လိုအပ်ကြောင်း ပြော ဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်က မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံကို ပူးတွဲတည်ဆောက်ရန်နှင့် ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှုများကို မြှင့်တင်ရန် မျှော်လင့်ထားကြောင်း ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံသည် မြန်မာနိုင်ငံအတွင်းရှိ တရုတ်လုပ်ငန်းများနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံ ခြုံ ရေးကို အထူးအလေးထားပြီး ယင်းအတွက် အစွမ်းကုန် အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ကတိပြုပြောဆိုသည်။




