25.7 C
Yangon

တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာ၌ တပ်စွဲထားသော တပ်မ ၇၇ မှ တပ်ကြပ်ကြီး၊ ဒုတပ်ကြပ်တို့ အပါအဝင် ၄ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

Must read

ရန်ကုန်၊ ဇွန် ၁၇

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာ၌ တပ်စွဲထားသော တပ်မ ၇၇ မှ တပ်ကြပ်ကြီးနှင့် ဒုတပ်ကြပ်အပါအဝင် စစ်သား ၄ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း CDF CDM Siyin က ထုတ်ပြန်သည်။

ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် တီးတိန်မြို့နယ်၊ လက်ရှိ CDF CDM Siyin ထိန်းချုပ်နယ်မြေဖြစ်သော ကလေး- တီးတိန် -ဟားခါး လမ်းခွဲ သိုင်းငင်းရွာတွင် အထိုင်ချထားသော တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၁၀၁ မှ တပ်ကြပ်ကြီး နှင့် ဒုတပ်ကြပ် အပါအဝင် ၄ ဦးသည် စစ်ကောင်စီတပ် အတွင်း ဆက်လက်နေထိုင်လိုခြင်းမရှိတော့သဖြင့် လက်နက်ခဲယမ်းများ ယူဆောင်ထွက်ပြေးလာကာ CDF CDM Siyin ထံသို့ အလင်းဝင်ခဲ့ကြောင်း သိရသည်။

အလင်းဝင်ရောက်ခဲ့သူ တပ်ကြပ်ကြီး စည်သူဖြိုးသည် ရန်ကုန်မြို့၊ လှိုင်သာမြို့နယ်ဇာတိဖြစ်ပြီး ၂၀၀၀ ခုနှစ်၊ ဩဂုတ်လမှ စ၍ စစ်ကောင်စီတပ်အတွင်း ဝင်ရောက်ခဲ့ကာ တောင်တွင်းကြီးမြို့ စခတ -၈ တွင် အခြေခံ စစ်သင် တန်းတက်ရောက်ခဲ့ရကြောင်း၊ သင်တန်းဆင်းပြီးနောက် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ တနင်္သာရီ တိုင်း၊ မြိတ်မြို့နှင့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ရကြောင်း သိရသည်။

အလားတူ ဒုတပ်ကြပ် ရာဇာသည် ရန်ကုန်တိုင်း၊ ဒလမြို့နယ် ဇာတိဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် စစ်တပ်အတွင်း ဝင်ရောက်ခဲ့ကာ အုတ်ဖို ၆ တပ်၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့တို့တွင် တာ ဝန်ထမ်းဆောင်ခဲ့ရကြောင်း၊ တပ်သား ဝင်းလှိုင်သည် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ဇာတိဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ လ တွင် စစ်တပ်အတွင်း ဝင်ရောက်ခဲ့ကာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ တာဝန်ထမ်းဆောင် ခဲ့ဖူးကြောင်း၊ ၎င်းသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သားသမီး ၂ ဦး ရှိ ကြောင်း သိရသည်။

ထို့အပြင် တပ်သား အေးနိုင်သည် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ဇာတိဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ လတွင် စစ်တပ်ထဲသို့ ရောက်ရှိခဲ့သူဖြစ်ကြောင်း သိရသည်။

၎င်းတို့ ၄ ဦးသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာသို့ ရောက်ရှိ ခဲ့ပြီးနောက် ဇွန်လ ၁၁ ရက်နေ့က ၁၁ နေ့က ထွက်ပြေးလာကာ ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် CDM Siyin ထံ အလင်းဝင်ခဲ့ ခြင်းဖြစ်ကြောင်း ၊ ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၄ ဦးကို နွေးထွေးစွာကြိုဆိုခဲ့ပြီး CDF CDM Siyin ဘက်မှ ဆုငွေများချီးမြှင့် ပေး ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ သိုင်းငင်းစခန်းတွင် တပ်ရင်းမှူး ဗိုလ်မှူးတစ်ဦး ဦးစီးနေပြီး လူအင်အား ၇၀ ခန့်ရှိကြောင်း၊ လက်နက်အားဖြင့် MG3 ၁ လက်၊ RPG တစ်လက်၊ RPG ဗုံးသီး ၁၁ လုံး၊ စနိုင်ပါတစ်လက်၊ MA 2 ၆ လက်၊ MA4 ၂ လက်၊ BA 100 ၊ ၄၀ မမ ၊ မိုင်းများ ရှိကြောင်း အလင်းဝင်ရောက်ခဲ့သူများထံမှ သိရ သည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article