ရန်ကုန်၊ ဇွန် ၁၉
NUG အစိုးရ အုပ်ချုပ်ရေး နယ်မြေတွင် ကာကွယ်ရေးဝန်ကြီးဌာနက လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့ ကျင်းပပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်ပြည့်မွေးနေ့ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၏ အုပ်ချုပ်ရေးနယ်မြေတနေရာတွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ တာဝန်ရှိသူများ၊ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တာဝန်ရှိသူများ၊ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေး တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မွေးနေ့ အမှတ်တရ စကားပြောကြားခြင်း၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးမိုးကောင်းက မွေးနေ့ အမှတ်တရ စကားပြောကြားခြင်း၊ ကောလင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ဦးမင်းနောင်က မွေးနေ့ အမှတ်တရ စကားပြောကြားခြင်း၊ မွေးနေ့အမှတ်တရ ကိတ်မုန့်ခွဲခြင်း၊ Rose Movement Campaign ပြုလုပ်ခြင်းနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခြင်း စသည့် အစီအစဥ်များဖြင့် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။






