25.9 C
Yangon

မင်းတပ်မြို့ကို စစ်တပ်က လေယာဉ်ဖြင့် ၃ ရက်ဆက်တိုက် ဗုံး ၁၆၀ ကျော် ကျဲချ တိုက်ခိုက်

Must read

ရန်ကုန်၊ ဇွန် ၂၁

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၃ ရက်ဆက်တိုက် ဗုံး ၁၆၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။

ယနေ့ ဇွန်လ ၂၁ ရက်နေ့ နံနက် ၁၂ နာရီခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ်က မင်းတပ်မြို့အနီးကို ဗုံး ၆၀ ကျော်ဖြင့် ၁၇ ကြိမ်ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ ည ၁၁ နာရီကျော်ခန့်မှ စတင်ပြီး တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးနှင့် နေပြည်တော် အေလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက မင်းတပ်မြို့အနီးကို ဗုံး ၁၆ လုံးကျဲချ တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

အလားတူ ဇွန်လ ၂၀ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်ကျော်ခန့်မှ စတင်ပြီး တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ်ကလည်း မင်းတပ်မြို့ အရှေ့ခြမ်းကို ဗုံး ၃၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၃ နာရီကျော်ခန့်မှ ညနေပိုင်းထိ ကလည်း ရှမ်းတဲလေတပ်၊ မကွေးလေတပ်နှင့် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီး၊ Y-12 ၁ စီး က မင်းတပ်မြို့ အရှေ့ခြမ်းကို ဗုံး ၁၅ လုံးထက်မနည်းကျဲချ တိုက်ခိုက်ခဲ့သေးကြောင်း သိရှိရသည်။

ထို့ပြင် ဇွန်လ ၁၉ ရက်နေ့ နံနက် ၇ နာရီကျော်ခန့်မှ စတင်ပြီး နေပြည်တော် အေလာ လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီး၊ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၂ စီးတို့က မင်းတပ်မြို့ အရှေ့ခြမ်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၄ နာရီကျော်ခန့်မှ စတင်ပြီး မင်းတပ်မြို့ အနီးကို တံတားဦး လေတပ်မှ တက်လာသော Y-12 လေယာဉ်ဖြင့် ဗုံး ၂၆ လုံးခဲ့သေးကြောင်း သိရသည်။

မင်းတပ်မြို့ပေါ်ကိုလည်း အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၄ ရက်၊ ဇွန်လ ၁၂ ရက်၊ ၁၀ ရက်၊ ဇွန်လ ၈ ရက်၊ ဇွန်လ ၇ ရက်နှင့် ဇွန်လ ၆ ရက်နေ့တို့တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေများကို သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ် သတင်းဌာနက သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိသေးပေ။

ဓာတ်ပုံ – မင်းတပ်မြို့ပေါ်နှင့် အနီးအနားရှိ ကျေးရွာများကို စစ်တပ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးသွားသော နေအိမ်များ။

photo credit – Hkl Mindat

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article