26.9 C
Yangon

ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်း ဆန်ခရမ်မန်တိုမြို့ရှိ Granite Regionlan ပန်းခြံတွင် လူထု ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်

Must read

ရန်ကုန်၊ ဇွန် ၂၂

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးပြည်နယ် မြောက်ပိုင်း၊ မြို့တော် ဆန်ခရမ်မန်တိုမြို့ရှိ Granite Regionlan ပန်းခြံတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ် ပြည့်မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၁ ရက်နေ့က ကယ်လီဖိုးနီးပြည်နယ် မြောက်ပိုင်း၊ မြို့တော် ဆန်ခရမ်မန်တိုမြို့ရှိ Granite Regionlan ပန်းခြံတွင် လူထုခေါင်း ဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့်မွေးနေ့ အ ထိမ်း အမှတ်အဖြစ် Free Burma Action Committee – Northern California (မြန်မာပြည် လွတ် မြောက်ရေး လှုပ်ရှားမှုကော်မတီ မြောက်ပိုင်း ကယ်လီဖိုးနီးယား) က ဦးဆောင်ကာ ကျင်းပခဲ့ ခြင်း ဖြစ်ပြီး ထောက်ပို့ပြည်သူများ၊ ဒီမိုကရေစီအင်အားစုများနှင့် နွေဦးတော် လှန်ရေးအင်အားစု များ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အာဏာသိမ်းစစ်တပ်၏ မတရားဖမ်းဆီးခံထားရသော လူထုခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိ ထင်ရှားရှိကြောင်း အထောက် အ ထား ခိုင်လုံစွာ ကမ္ဘာကြီး ပြသရန် ၊ မတရား ဖမ်းဆီးချုပ်နှောင်ထားသော လူထုခေါင်းဆောင် နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန် တောင်းဆိုခြင်း၊ အမှတ်တရ စကားများပြောဆိုခြင်း၊ ကဗျာရွက်ဖတ်ခြင်း၊ ဂုဏ်ပြုတေးသီဆိုခြင်း၊ နှင်းဆီပန်းတစ်ပွင့်ဆီ ကိုင်ဆောင်ကာ မေတ္တာပို့သခြင်း တို့ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ကံစမ်းမဲများလည်း ရောင်းချခဲ့ပြီး ရောင်းချရရှိသည့် ရန်ပုံငွေများကို မြေပြင်၌ အမှန် တ ကယ် ခက်ခဲနေသူများထံ တိုက်ရိုက်လှူဒါန်းပေးပို့သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article