27.3 C
Yangon

မြန်မာနိုင်ငံရှိ ကျားဖြန့် အွန်လိုင်းငွေလိမ် လုပ်ငန်းခွင်များတွင် နိုင်ငံပေါင်းစုံမှ လူပေါင်း ၅,၀၀၀ ကျော် ပိတ်လှောင်ခံထားရ

Must read

ရန်ကုန်၊ ဇွန် ၂၄

ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်အခြမ်းရှိ ကျားဖြန့် အွန်လိုင်းငွေလိမ် လုပ်ငန်းခွင်များတွင် နိုင်ငံပေါင်းစုံမှ လူပေါင်း ၅,၀၀၀ ကျော် ပိတ်လှောင်ခံနေရကြောင်း လူကုန်ကူးမှုခံရသူများကို ကူညီစောင့်ရှောက်နေသည့် ထိုင်းအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကွန်ရက် (Civil Society Network for Human Trafficking Victim Assistance – CSNHTV) က သတင်းထုတ်ပြန်လိုက်သည်။

ယင်းဒေသအတွင်း နိုင်ငံစုံပူးပေါင်းကာ နှိမ်နင်းမှုများပြုလုပ်ပြီး လူပေါင်းထောင်ချီကို ကယ်တင်နိုင်ခဲ့ပြီးနောက် ၁ နှစ်ကျော်အကြာတွင် ယခုကဲ့သို့ လူပေါင်းများစွာ ထပ်မံပိတ်မိနေသည့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် CSNHTV အဖွဲ့က ကျားဖြန့်လုပ်ငန်းခွင်များတွင်ပိတ်မိနေသော ထိုင်းရဲတပ်ဖွဲ့ထံသို့ တနင်္လာနေ့ (ဇွန် ၂၂ ရက်) တွင် စာပေးပို့ကာ အရေးယူဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့သည်။ ၎င်းတို့၏ စုံစမ်းထုတ်ပြန်ချက်အရ မြန်မာပြည်တွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားရာ နေရာ ၄ ခုတွင် နိုင်ငံခြားသား အများအပြား ပိတ်မိနေကြောင်း သိရှိရသည်။

ပိတ်မိနေသူများထဲတွင် နိုင်ငံစုံမှ လူမျိုးများ ပါဝင်နေပြီးတရုတ်နိုင်ငံသား ၁,၆၀၀ ဦးခန့်၊ မြန်မာနိုင်ငံသား ၂၀၀ ဦးခန့်၊ ထိုင်းနိုင်ငံသား ၂၀ ဦးခန့် အခြားနိုင်ငံသားများ: ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှား၊ ဘရာဇီး၊ ရုရှား၊ ကင်ညာ၊ ယူဂန်းဒါး၊ ရဝမ်ဒါနှင့် ဇင်ဘာဘွေနိုင်ငံတို့မှ နိုင်ငံသားများပါဝင်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များအရ မြန်မာနှင့် ကမ္ဘောဒီးယားအပါအဝင် အရှေ့တောင်အာရှရှိ ကျားဖြတ်စင်တာများသည် ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများကို အွန်လိုင်းမှတစ်ဆင့် လိမ်လည်လှည့်ဖြားကာ တစ်နှစ်လျှင် ဒေါ်လာဘီလီယံနှင့်ချီသည့် တရားမဝင် ဝင်ငွေများကို ရှာဖွေနေကြခြင်းဖြစ်သည်။

ယင်းလုပ်ငန်းခွင်များရှိ အလုပ်သမားအများစုမှာ ရာဇဝတ်ဂိုဏ်းများ၏ လူကုန်ကူးမှုကို ခံခဲ့ရခြင်းဖြစ်ပြီး ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဖိနှိပ်ချုပ်ချယ်မှုဒဏ်များကို ခံနေကြရသည်။

ပြီးခဲ့သည့်နှစ်အတွင်းက ထိုင်းနိုင်ငံက ဦးဆောင်ပြီး နယ်စပ်တစ်လျှောက်ရှိ ကျားဖြတ်စင်တာများကို နှိမ်နင်းခဲ့ရာ မြန်မာနိုင်ငံ မြဝတီဒေသရှိ လုပ်ငန်းခွင်ကြီးများထဲမှ လူပေါင်း ၅,၀၀၀ ခန့်ကို ကယ်ထုတ်နိုင်ခဲ့သည်။ သို့သော်လည်း အကြီးစား ကျားဖြန့် လုပ်ငန်းများသည် ဆက်လက်လည်ပတ်နေဆဲ ဖြစ်သည်။

CSNHTV အဖွဲ့၏ ပေးပို့စာအရ လက်ရှိတွင် ပိတ်မမိနေသူများမှာ ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မတော် ခေါ် DKBA ထိန်းချုပ်ထားသည့် နယ်မြေအတွင်းရှိ ကျားဖြန့် အဆောက်အအုံများထဲတွင် ပိတ်လှောင်ခံထားရခြင်း ဖြစ်သည်။

“ဒီလုပ်ငန်းခွင် အများစုဟာ အခုထက်ထိ ဖျက်သိမ်းခြင်း မခံရသေးသလို၊ ကျန်ရှိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း မလုပ်ဆောင်ရသေးပါဘူး။ အကျိုးဆက်အနေနဲ့ ဒီရာဇဝတ်ဂိုဏ်းတွေဟာ အွန်လိုင်းလိမ်လည်မှုတွေနဲ့ လူကုန်ကူးမှုတွေကို ဆက်လုပ်နေပြီး ကမ္ဘာတစ်ဝှမ်း၊ အထူးသဖြင့် အမေရိကန်နဲ့ ဥရောပက ပြည်သူတွေကို ဒုက္ခပေးနေပါတယ်” ဟု CSNHTV အဖွဲ့ ဆိုသည်။

Victims of scam centers who were tricked or trafficked into working in Myanmar, stuck in limbo at a compound inside the KK Park, a fraud factory, and a human trafficking hub on the border with Thailand-Myanmar after a multinational crackdown on the compounds run by criminal gangs, operated by the Karen Border Guard Force (BGF) in Myawaddy, Myanmar, February 26, 2025. REUTERS/Stringer
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article