26.2 C
Yangon

မိုးဗြဲမြို့ပြင်တွင် စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်သား ၁၉ ဦး သေဆုံး ကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိဟုဆို

Must read

ရန်ကုန်၊ ဇွန် ၂၅

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင်းမှ မြို့ပြင်သို့ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းနှင့် ၂ ကြိမ်တိုက်ပွဲဖြစ်ပြီး စစ်သား ၁၉ ဦး သေဆုံးကာ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိ ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ – အယ်လ်ဖာဇုံ (မိုးဗြဲနယ်) က ထုတ်ပြန်သည်။

မေလ ၁၃ ရက်နေ့နှင့် ဇွန်လ ၁၉ ရက်နေ့တို့တွင် မိုးဗြဲမြို့တွင်းရှိ စစ်ကောင်စီတပ်က နယ်မြေစိုးမိုးမှု ပြန်လည်ရရှိနိုင်ရေး ရှိနိုင်ရေးအတွက် ခရုန်း၊ လက်နက်ကြီး၊ တိုက်ခိုက်ရေးအင်အား အများအပြား အသုံး ပြုကာ အမှတ် ၁ စစ်ဒေသ – အယ်လ်ဖာဇုံ( မိုးဗြဲ နယ်) တပ် အရှေ့တန်းကာကင်းရှိရာ နေ ရာသို့ ၂ ကြိမ်တိုင် ထိုးစစ်ဆင်လာခဲ့ကြောင်း၊ ထိုသို့ ထိုးစစ်ဆင်လာမှုကြောင့် ပြန်လည် ခုခံတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ တပ်ကြပ်အပါအဝင် ၁၉ ဦးခန့် သေဆုံးကာ အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများထံမှ လက်နက်ကြီး၊ လက်နက်ငယ်များအပါအဝင် ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်း အချို့ကို သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးတပ်ဖက်မှလည်း ရဲဘော် ၂ ဦး မြင့်မြတ်စွာ ကျဆုံးကာ ထိခိုက်မှုအချို့လည်း ရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲကနေ့တိုင်းနီးပါးရှိတယ်။ မြို့ပြင်နေရာကို စိုးမိုးနိုင်ဖို့ အကဲစမ်းနေတဲ့သဘောပါ။ တိုက်ပွဲဖြစ် လိုက်၊ ပြန်ဆုတ်သွားလိုက်နဲ့၊ ပြီးတော့ ဒရုန်း၊ လက်နက်ကြီးတွေနဲ့လည်း မိုးဗြဲမြို့ပြင်က ပြည်သူလူ ထုနေထိုင်ရာ နေရာတွေကို ဗုံးကျဲတိုက်ခိုက်တာတွေရှိပါတယ်” ဟု မိုးဗြဲမှ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

မိုးဗြဲစစ်မျက်နှာစာအတွင်း အထိနာခဲ့သောကြောင့် ကရင်နီပြည်၊ မိုးဗြဲနယ်နေရာ ဒေသအနှံ့မရွေး စစ် ကောင်စီတပ်မှ မြေပြင်ထိုးစစ်အနေဖြင့်သော်လည်းကောင်း၊ ဝေဟင်ဖြင့် တိုက်ပွဲ ဧရိယာ အပါအဝင် စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူလူထုနေရာများ၊ စစ်ရှောင်နေရာများတွင် သော်လည်း ကောင်း နေ့စဉ်ရက်ဆက် မြေပြင်ထိုးစစ်၊ ဝေဟင်စစ်ဆင်ရေးများ အင်အားသုံးဆောင်ရွက်လာနိုင် သည့်အတွက် တော်လှန်ပြည်သူလူထုများမှ စစ်ရေးအသိ၊ လုံခြုံရေးသတိများ အလေးထားကြရန် အ မှတ် ၁ စစ်ဒေသ – အယ်လ်ဖာဇုံ (မိုးဗြဲနယ်) က တိုက်တွန်းထားသည်။

စစ်အာဏာရှင်သည် ပြည်သူလူထုများပေါ် ခေတ်အဆက်ဆက် အကြောက်တရားများဖြင့် တစ်ဖုံ၊ အယောင်ပြဖွံ့ဖြိုးရေးနှင့် အတုအယောင် ငြိမ်းချမ်းရေးတစ်လက်ဖြင့် စစ်အာဏာရှင်စနစ် သက်ဆိုး ရှည်ရေး နည်းပရိယာယ်များကို အသုံးပြုခဲ့သည့် အတိတ်သမိုင်းသာဓကများအား သင်ခန်းစာရယူရ မည် ဖြစ်ပြီး စစ်ရေး၊ နိုင်ငံရေး သတိဝိရိယရှိစွာဖြင့် အသိနိုးကြားကြရန် ဆက်လက်တိုက်တွန်း ထား သည်။

အမှတ် ၁ စစ်ဒေသ-အယ်လ်ဖာဇုံ(မိုးဗြဲနယ်)တပ်သည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးမူကို ဆုပ် ကိုင် ပြီး တော်လှန်ပြည်သူများ၊ အခြားတော်လှန်ရေး အင်အားစုများနှင့်အတူ ဆက်လက်ရပ်တည် တွန်း လှန်သွားမည်ဖြစ်ကြောင်း ကြေညာထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article