26.9 C
Yangon

စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၈ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကာ သေဆုံးသူအရေအတွက် ထပ်တိုးနိုင်

Must read

ရန်ကုန်၊ ဇွန် ၂၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၈ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကာ သေဆုံးသူအရေအတွက် ထပ်တိုးနိုင်ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် စစ်ကိုင်းမြို့နယ် မြောက်ခြမ်း တလိုင်းရွာကို အကြမ်းဖက် စစ်တပ်၏ တံတားဦးတက်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အသက် ၆ နှစ်ခန့်အရွယ် မဂျူးဂျုး ၊ အသက် ၁၄ နှစ်ခန့် အရွယ် မောင်ဟန်လင်းထက် ၊ အသက် ၂၀ ခန့် အရွယ်မောင်နိုးနိုး ၊ အသက် ၅၀ခန့်အရွယ် ဒေါ်သင်း ၊ အသက် ၅၂ခန့်အရွယ် ဒေါ်ဝင်း ၊ အသက် ၄၀ခန့် အရွယ် မသန်းသန်းစိုး နှင့် အသက် ၈ နှစ်နှင့် ၅ နှစ် အရွယ် အမည်မသိ ကလေးငယ်တို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူ ၂၀ ထက်မနည်း ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၅ လုံးလည်း ပျက်စီးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများတွင် ဒဏ်ရာအခြေအနေ စိုးရိမ်ရသူများလည်း ပါဝင်သောကြောင့် သေဆုံးသူ အရေ အတွက် ထပ်တိုးနိုင်ကြောင်း သိရှိရသည်။

” တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်ခွေးတွေက တလိုင်းရွာကို လေကြောင်း တိုက်ခိုက်သွားတာပါ။ အခုသိရတာတော့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၈ ဦးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတာလည်း ၂၀ ဦးလောက်ရှိတယ်။ ဒဏ်ရာအခြေအနေ စိုးရိမ်ရသူတွေလည်း ပါဝင်ပါတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article