24.8 C
Yangon

ခေါင်လန်ဖူးဒေသရှိ စစ်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်စခန်း ၂ ခုကို KIA တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီဘက်မှ ၂၀ ကျော်သေဆုံးပြီး လက်နက် ၁၅ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၁၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးဒေသတွင် စစ်ရေးပြင်ဆင်၍ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ဌာနေပြည်သူ့စစ် ပူးပေါင်းတပ်စခန်း ၂ ခုကို ကချင်လွတ်မြောက်ရေးတပ်မတော်-KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၀ ကျော် သေဆုံးခဲ့ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ပူတာအို-ခေါင်လန်ဖူးဒေသအတွင်း စစ်ရေးပြင်ဆင်ကာ နေရာယူတပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ၎င်းတို့လက်အောက်ခံ ဌာနေပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များကို KIA တပ်မဟာ ၇၊ အမှတ် ၃၂ တပ်ရင်းမှ တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဘက်မှ ၂၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်သေဆုံးမှုများပြားသဖြင့် ကျန်တပ်ဖွဲ့ဝင်များမှာ စခန်းများကို စွန့်ခွာထွက်ပြေးသွားကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

“ဟုတ်တယ်။ စခန်း ၂ ခုရတယ်။ စစ်တပ်ဘက်က ၂၀ ကျော်သေတယ်။ အရှင်ဖမ်းမိတာလည်းရှိတယ်။ ပြည်သူ့စစ်တွေကို ဖမ်းမိတာပါ” ဟု KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တိုက်ပွဲအပြီး KIA က စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်၏ လက်နက် ၁၅ လက်နှင့် ခဲယမ်း၊ ရိက္ခာအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တချို့ကိုလည်း အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ခေါင်လန်ဖူးဒေသအတွင်း စစ်ရေးအခြေအနေနှင့် စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများကို KIA က ဆက်လက်စောင့်ကြည့်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article