28 C
Yangon

မြိုင်မြို့နယ်၊ ပန်းတိုင်းတောရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး နေအိမ် ၁၀ ကျော်ပြာကျ

Must read

ရန်ကုန်၊ သြဂုတ် ၁၁

မက​ွေးတိုင်း မြိုင်မြို့နယ် တောင်ပိုင်း ပန်းတိုင်းတောရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ သြဂုတ်လ ၁၁ ရက်နေ့ နံနက် အစောပိုင်းတွင် မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၀ လုံးကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပန်းတိုင်းတောရွာကို သြဂုတ်လ ၁၀ ရက်နေ့တွင် ဝင်ရောက် စီးနင်း တပ်စွဲခဲ့ပြီးနောက် ယနေ့ နံနက် အစောပိုင်းတွင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

” မြိုင်နယ် တောင်ပိုင်း ပန်းတိုင်းတောရွာကို မနေ့က စစ်တပ်က ၀င်ရောက် တပ်စွဲပြီး ဒီကနေ့ နံနက်အစောပိုင်းမှာ မီးစရှို့ပါတယ်။ နေအိမ် ၁၀ လုံးကျော်လောက် ပျက်စီးဆုံးရှုံးခဲ့တယ်။ စစ်တပ်က ရွာထဲက ပြန်ထွက်ချိန်မှာ ပြည်သူပိုင် ပစ္စည်း တချို့နဲ့ စျေးသည်တွေဆီက မုန့်တွေကို ယူဆောင်သွားပါတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ပန်းတိုင်းတောရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် မီးရှို့ ဖျက်ဆီးခြင်းဖြစ်ပြီး ဇွန်လပိုင်းကလည်း ကျေးရွာအတွင်းရှိ ကြက်ခြံများကို စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပန်းတိုင်းတောရွာ အနီးအနားရှိ ကျေးရွာများကို ဝင်ရောက် စီးနင်းလျက်ရှိပြီး ဒေသခံ ပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article