By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၁၂ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့ သတင်းတွေကတော့ – ပြည်တွင်း စီးပွားရေး စျေးကွက်အတွင်းမှာ ဓာတ်ဆီ 92 တစ်လီတာကို ဩဂုတ်လ ၁၁ ရက်နေ့ ဖြစ်တဲ့ မနေ့က ထက် ငွေကျပ် ၁၀၀ ကျော် စျေးတက်ပြီး တစ်လီတာကို ၂၂၄၅ ကျပ်ကနေ ၂၇၂၀ အထိ နေရာ ဒေသ အလိုက် စျေးတွေ ထိုးတက်သွားတယ်လို့ အကြမ်းဖက် စစ်ကောင်စီရဲ့ ဓာတ်ဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ၊ ကြီးကြပ်ရေးကော်မတီက တရားဝင် သတင်းထုတ်ပြန်လာပါတယ်။ -ပြည်တွင်းစီးပွားရေးစျေးကွက်မှာ စစ်အာဏာသိမ်းပြီး ၁ နှစ်ခွဲ အကြာ အထိ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ ထင်ရာစိုင်း စီမံခန့် ခွဲမှုတွေကြောင့် မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ တရှိန်ထိုး ကျဆင်း နေတယ် လို့ ရန်ကုန်စီးပွားရေး အသိုင်းအဝိုင်းက ဆိုကြပါတယ်။ – မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ် ၊ ပိုင်းကျေးရွာကို သြဂုတ်လ ၉ ရက်နေ့ က စစ်ကြောင်း ထိုးလာတဲ့ အကြမ်း ဖက် စစ်ကောင်စီတပ်က ပိုင်းကျေးရွာမှာ နေထိုင် တဲ့ မနှင်းဝေ ကို မုဒိမ်းကျင့်၊ နှိပ်စက် သတ် ဖြတ်ပြီး ရုပ်အလောင်းကို လမ်းဘေးမှာ စွန့်ပစ်ခဲ့တယ်လို့ မနှင်းဝေ ရဲ့ ခင်ပွန်းဖြစ်သူကပြောပြတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။