26 C
Yangon

Breaking News- ဗန်းမောက်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရပြီး မြို့ နယ် စီမံ အုပ်ချုပ်ရေးမှူး ဗိုလ်မှူးကျော်မင်းဟန် သေဆုံး၊ မြို့ပေါ် တိုက်ပွဲ ဖြစ်ပြီး ပြည်သူများ အုတ်အော်သောင်းနင်း ပြေးလွှားနေရ

Must read

ရန်ကုန်၊ ဩဂုတ် ၁၂

ကချင်ပြည်နယ်၊ ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ယနေ့ နံနက်ပိုင်း ဝင်ရောက်ပစ်ခတ်ခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ကျော်မင်းဟန် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဗန်းမောက်ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဗန်းမောက်မြို့ ထွေအုပ်ရုံးကို ဝင်ရောက် ပစ်ခတ်ခြင်းဖြစ်ပြီး စစ်ကောင်စီခန့် မြို့နယ်စီမံ အုပ်ချုပ်ရေး ကောင် စီအဖွဲ့ဝင် ဗိုလ်မှူးကျော်မင်းဟန် သေဆုံးသွားကြောင်း၊ အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနမှ ဒုဦးစီးမျိုးမြင့်နိူင် ဖမ်းဆီးခံရသော်လည်း ပြန်လွှတ် ပေးသဖြင့် လွတ်မြောက်လာကြောင်း၊ ပစ်ခတ်မှုများနှင့် တိုက်ပွဲများ မြို့တွင်း တွင် ဖြစ်ပွားနေကြောင်း ဒေသတင်းရင်းမြစ်နှင့် ဒေသခံများကထံမှ သိရှိရသည်။

“အောင်သာကုန်း တံတားနားမှာ တိုက်ပွဲဖြစ်နေတယ်။ တစ်မြို့လုံးတော့ အုတ် အော်သောင်းနင်းဖြစ်နေတယ်။ စျေးသည်တွေရော အကုန်အိမ်ပြန်နေကြပြီ။ ပြေးနေရတယ်” ဟု ဒေသခံတစ်ဦးက ပြော ဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် ဗန်းမောက်မြို့ပေါ် ပစ်ခတ်မှုများ နှင့်တိုက်ပွဲ အခြေ အနေများကို ဆက်လက် ဖော်ပြပါမည်။

ဓာတ်ပုံ- ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး။

Photo- ရှမ်းနီအသံ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article