ရန်ကုန်၊ ဩဂုတ် ၁၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ တော်လှန်ပြည်သူများသည ဩဂုတ်လ ၁၅ ရက်တွင် အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ဖြုတ်ချရေးနှင့် KIA၊ NUG၊ PDF ထောက်ခံကြိုဆိုကြောင်း ချီတက်ဆန္ဒပြကြသည်။
ဆန္ဒပြ ပြည်သူများက ‘KIA၊ PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ’ ‘NUG အစိုးရ ဒို့အစိုးရ’ ‘လူသတ် အကြမ်းဖက် စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့် မရစေရ’ ‘အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင်အဖွဲ့ အသေဆိုး နဲ့သေပါစေ’ ‘စစ်ခွေးတွေကို ချေမှုန်းဖို့ KIA PDF ချီတက်လာပြီ’ ‘ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး’ စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြကြသည်။