32 C
Yangon

စက်သုံးဆီ ပြတ်လပ်မှုကို သတင်းအမှားဟု စစ်တပ်က ပြောဆိုပြီး ဆီဆိုင်များကို အရေးယူမည်ဟု ရန်ကုန်တိုင်း အကြမ်းဖက် စစ်ကောင်စီက စာထုတ်ပြန်၊ ဆီပြတ်လပ်မှု ပြဿနာမှာ စစ်ကောင်စီ၏ စီမံခန့်ခွဲမှု ကြောင့်ဖြစ်ပြီး မကြာ ခဏ ရင်ဆိုင်ရမည်ဟုဆို

Must read

ရန်ကုန်၊ ဩဂုတ် ၁၅

ပြည်တွင်းတွင် စက်သုံးဆီ ပြတ်လပ်မှုများသည် သတင်းအမှားများသာဖြစ်ပြီး ဆီဆိုင်များကို အရောင်းရပ်ခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချခြင်းများကို အရေးယူမည်ဟု ရန်ကုန်တိုင်း အကြမ်းဖက်စစ်ကောင်စီက စာထုတ်ပြန်သည်။

အဆိုပါစာတွင် စက်သုံးဆီဆိုင်များသည် စျေးနှုန်းပြောင်းလဲမှု ရှိလာနိုင်၍ အကျိုးစီးပွားအတွက် စက်သုံးဆီ ပြတ်လပ်သည်(သို့မဟုတ်) လက်ကျန် နည်းပါးနေသည်ဟုဆိုကာ ရောင်းချမှု ရပ်ဆိုင်းခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချခြင်းများ လုပ်ဆောင်ကြောင်း၊ ထို့ကြောင့် စက်သုံးဆီအရောင်းဆိုင်များကို အရေးယူမည်ဖြစ်ကြောင်း စာတွင် ဖော်ပြထားသည်။

စက်သုံးဆီ လုပ်ငန်းရှင်တစ်ဦးကမူ စစ်ကောင်စီဘက်က ထုတ်ပြန်သော စာသည် ရေတို ဖြေရှင်းရန် ဆေးမြီတို အဖြစ် ဆီများ ပြန်ထုတ်ပေးပြီး ဖြေရှင်းဖြစ်ပြီး ရေရှည်တွင် ဆီပြတ်လပ်မှု မကြာခဏ ဖြစ်ပေါ်မည်ဟုဆိုသည်။

“သူတို့ လုံလောက်အောင် ဒေါ်လာရောင်းပေးရင်၊ စက်သုံးဆီစျေးနှုန်းကို မထိန်းချုပ်ရင် ဒီလိုဖြစ်စရာမရှိဘူး။ အခုက လူတွေ တန်းစီတဲ့အခါ စက်သုံးဆီ ပြတ်လပ်သွားတဲ့အခါ စာထုတ်လိုက်၊ ချက်ချင်းပြေလည်အောင် လုပ်ပေးလိုက်။ အဲဒီလိုတွေ လုပ်နေတာ။ အမှန်က ကျနော်တို့ကို လွတ်လွတ်လပ်လပ်သွင်း စျေးနှုန်းကို မထိန်းချုပ်ရင် ဘာမှ ဖြစ်စရာမရှိဘူး။ အခုက ဒေါ်လာစျေးကိုလည်း ထိန်းချုပ်၊ စက်သုံးဆီစျေးကိုလည်း ထိန်းချုပ်၊ ရှိသမျှ ဒေါ်လာတွေလည်း သိမ်း အဲဒီလိုလုပ်လို့ဖြစ်တာပါ။ အခုကတော့ စီမံချက်နဲ့ ဆီဆိုင် လူမရှိဖို့ လုပ်ပြီး ရေတို ဆီတွေ ရအောင် စကစက ပြန်လုပ်နေတယ်။ ရေရှည်မှာတော့ ဒီပြဿနာက ပြန်တက်လာမှာပဲ” ဟု စက်သုံးဆီတင်သွင်းသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article