32 C
Yangon

ကော့ကရိတ်ရဲစခန်းအပါအဝင် မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲနေရာများကို ကျားဖြူစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်မှု ရဲမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံး၊ ဥပဒေအရာရှိနှင့်ရုံးဝန်ထမ်း အရှင်ဖမ်းမိ၊ လက်နက် ၆ လက် သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဩဂုတ် ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အကြမ်းဘက်စစ်ကောင်စီတပ်မှ ရဲမှူးတစ်ဦးအပါအဝင် ၁၂ ဦး သေဆုံးခဲ့ပြီး တရားဥပဒေအရာရှိနှင့် ရုံးလုပ်သားတစ်ဦးကို အရှင် ဖမ်းမိခဲ့ကြောင်း၊ လက်နက် ၆ လက် ရရှိခဲ့ကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။

ကရင်ပြည်နယ်၊ကော့ကရိတ်ရဲစခန်းအပါအဝင် မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲနေရာများကို ကျားဖြူစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ရာ ရဲမှူး အပါအဝင် ရဲနှင့်စစ်ကောင်စီတပ်ဖွဲ့၁၂ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရရှိမိကြောင်း သိရှိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ ကော့ကရိတ် ရဲစခန်းအပါအဝင် စစ်တပ် တပ်စွဲနေရာများကို ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီး အပြန် အလှန်ပစ်ခတ်မှုများဖြင့် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန် ဝန်းကျင် ကော့ကရိတ်မြို့ပေါ် ရဲစခန်းကို ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ ပစ်ခတ်မှုသည် ၁၅ မိနစ်ဝန်းကျင် ကြာမြင့်ပြီး လတ်တလော ငြိမ်သက်နေကြောင်း၊ စစ်တပ်က ကော့ကရိတ်မြို့ပေါ် တောင်ပေါ်ကျောင်းနေရာအပါအဝင် နေရာအနှံ့အပြားတွင် လမ်းများပိတ်ဆို့၍ တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်သည် KNU ဩဇာ လွှမ်းမိုး ဒေသဖြစ်ပြီး မြို့ပေါ်မှ လွဲ၍ ကျန်နေရာများအားလုံးတွင် KNLA က ထိန်းချုပ်ထားသော ဒေသလည်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article