35 C
Yangon

ကရင်နီပြည်နယ်တွင် ဩဂုတ်လ ဒုတိယတစ်ပတ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားပြီး စစ်သား ၁၉ ဦး ထက်မနည်းသေဆုံး၊ လက်နက်ခဲယမ်းအချို့ ရရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၁၅

ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ဩဂုတ်လ ဒုတိယ တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်သား ၁၉ ဦး သေဆုံးကြောင်း၊ ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ ၁ ဦး ကျဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၈ ရက်နှင့် ၉ ရက်တွင် ရှားတောမြို့နယ်အတွင်း၌ ကရင်နီတပ်မတော် KA၊ KNDF ပူးပေါင်းတပ်နှင့် အကြမ်းဖက်စစ်တပ်ကြား တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သား ၈ ဦးသေဆုံးကြောင်း KNDF က ထုတ်ပြန်သည်။

ဩဂုတ်လ ၉ ရက်တွင် ဖရူဆိုမြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီ ခလရ ၅၃၁ တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ၃ နာရီဝန်းကျင်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကရင်နီ ရဲဘော် ၁ ဦး ကျဆုံးကြောင်း သိရှိရသည်။

ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာ၌ ဩဂုတ်လ ၉ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်နှင့် KNDF တပ်ရင်း ၉ ကြား တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးကြောင်း၊ ညနေပိုင်းတွင် ဒီးမော့ဆို မြို့မရဲစခန်းကို KNDF တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ထိခိုက်မှုရှိကြောင်း၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ရူဖယ်ခူရပ်ကွက်၊ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားရာအနီးဝန်းကျင်ရှိ အပြစ်မဲ့ရွာသားများကို လူသားဒိုင်းပြုလုပ်သလို တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် လွိုင်လင်လေးမြို့နယ်၊ ဒေါပါပကျေးရွာကို လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရကြောင်း KNDF က သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – KNDF တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article