ရန်ကုန်၊ သြဂုတ် ၁၅
မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီနှင့် ဒေသခံ ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ သြဂုတ်လ ၁၅ ရက်နေ့တွင် “ငါတို့အားလုံးအကျဥ်းသား ထောင်တွင်းတိုက်ပွဲများနဲ့အတူရပ်တည်ကြ” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ပြည်သူတွေ သွေးအေးသွားလို့ လုံးဝမဖြစ်ပါဘူး။စစ်ဖိနပ်အောက် လုံးဝအရှုံးမပေးဘဲ အသက်စွန့်ကာ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ ထောင်တွင်းရဲဘော်တွေရဲ့ ထောင်တွင်းတိုက်ပွဲတွေကို ဝန်းရံပေးကြဖို့ ၊ ထောင်တွင်းတိုက်ပွဲတွေနဲ့အတူ ရပ်တည်ပေးကြဖို့ အင်မတန်လိုအပ်ပါတယ်။အကျဥ်းထောင်တွင်းက ရဲဘော်တွေအတွက် အကျယ်ထောင်ထဲက ပြည်သူတွေ ပိုမိုအားစိုက်ပြီး တိုက်ပွဲဝင်ပေးကြပါ။လက်နက်အားကိုးနဲ့ ထင်တိုင်းကျဲနေတဲ့ စစ်အုပ်စုနဲ့အာဏာရှင်စနစ်ဆိုးကို အမြစ်ပြတ်ချေမှုန်းကြပါ။ ပေးဆပ်ခဲ့ကြရတဲ့ အသက်တွေနဲ့ဘဝတွေ ၊ ဆုံးရှုံးလိုက်ရတဲ့ အခွင့်အရေးတိုင်းအတွက် အာဏာရှင်စနစ်အမြစ်ပြတ်ကျရှုံးသည်အထိ ကျွန်တော်တို့အားလုံး ဆက်လက်ချီတက်တိုက်ပွဲဝင်ကြရမယ်။အဖိနှိပ်ခံလူထုလူတန်းစားအားလုံး စည်းလုံးမှုရှိရှိနဲ့ ပြိုင်တူတွန်းကြမှ ကျွန်တော်တို့အားလုံးမျှော်ရည်သော တော်လှန်ရေးပန်းတိုင်ဆီ အမြန်ဆုံး ရောက်ရှိပါလိမ့်မယ်” ဟု သပိတ် ဦးဆောင်သူများက ဟောပြောခဲ့သည်။
Photo – BEGSC-MYAING