ရန်ကုန်၊ ဩဂုတ် ၁၅
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးတွင် ကျေးရွာများကို မီးရှို့သော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များက ပြန် လည် ခုခံတိုက်ခိုက်ရာ စစ်ကောင်စီ တပ် ဘက် မှ ၃၀ ကျော်သေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကြောင်း၊ လက်နက် များ လည်း သိမ်းဆည်းရ မိကြောင်း ကောလင်းခရိုင် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ တာဝန် ခံ၊ ကောလင်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဇော်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။
စစ်ကောင်စီတပ်များက ပင်လည်ကူးမြို့နှင့် ၃ မိုင်သာကွာဝေးသော ကျေးရွာ များကို မီးရှို့လာသဖြင့်ပြည်သူလူထုကို ကာကွယ်ရန် ဒေသကာကွယ် ရေးတပ် များက ပြန်လည် တိုက်ခိုက်ကြောင်း၊ မူလက စစ်ကောင်စီအင်အား ၅၀ ရှိပြီး စစ်ကူ ၃၀ ထပ်မံ အားဖြည့်ကြောင်း၊ ဒေသကာကွယ်ရေးတပ်များက ယနေ့ စုပေါင်း တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်များက သေဆုံးမှု များစွာ ဖြင့် မြို့ထဲသို့ ပြန်ဝင်သွားကြောင်း သိရှိရသည်။
“ကျနော်တို့ မြို့ထဲပြန်ဝင်သွားတာ ၃၀ ကျော်လောက်ပဲရှိတယ်။ စုစုပေါင်း မြို့ထဲက ထွက်လာတာက အင်အား ၈၀ လောက်ရှိတာကို။ ၁ ဦးအရှင် ဖမ်းမိ တယ်။ လက်နက်တွေလည်းမိတယ်။ ပြည်သူ့ကျေးရွာအိုးအိမ်တွေကို မီးရှို့တာ ကျနော်တို့ လက်မခံတော့ဘူး” ဟု ကောလင်းခရိုင်ပကဖ တာဝန်ခံက ပြောဆို သည်။
လက်ရှိတွင် ကောလင်းခရိုင်အတွင်းရှိ ဝန်းသို၊ကောလင်း၊ ပင်လည်ဘူး ဒေသ များ တွင် စစ်တပ်က ကျေးရွာများကို မီးရှို့များ လုပ်ဆောင်လာကြောင်း သိရှိရသည်။
(ကောလင်းခရိုင်ပကဖတာဝန်ခံ၊ ကောလင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဇော်အောင်နှင့် ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို ဖော်ပြပါမည်)