ရန်ကုန်၊ ဩဂုတ် ၁၅
ကရင်ပြည်နယ်၊ ကော့ကရိတ်ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနများကို KNU နှင့် PDF ပူးပေါင်းတပ်များက ယနေ့ တိုက်ခိုက်ရာတွင် ရဲမှူး မင်းသန်းနှင့် ရဲ၊ စစ်သား ၇ ဦး သေဆုံးပြီး ရဲ ၄ ဦးနှင့် ဘဏ်ဝန်ထမ်းများ ဒဏ်ရာရရှိကြောင်း ရဲကြေးနန်းတွင် ဖော်ပြထားသည်။
ကော့ကရိတ်တွင် ယနေ့ သေဆုံးသွားကြသူများမှာ-
၁- ရဲမှူးမင်းသန်း
၂-ရဲတပ်ကြပ်ကြီး ပြည်စုံဝင်း
၃-ရဲတပ်ကြပ်ကြီး အောင်ကျော်ညွှန့်
၄-ရဲတပ်ကြပ်ကြီးစိုးဝင်း
၅-ရဲတပ်ကြပ်ကြီး အောင်ထွန်း
၆- ရဲဒုတပ်ကြပ် စိုင်းမင်း
၇- တပ်သား နိုင်လင်း (ခလရ-၉၇ ) တို့ဖြစ်ကြသည်။
ယနေ့ ဒဏ်ရာရရှိသူများမှာ
၁-ဒုတပ်ကြပ် ရန်နိုင်စိုး (မစိုးရိမ်ရ)
၂-တပ်ကြပ်ကြီး မောင်ဌေး မစိုးရိမ်ရ
၃- တပ်ကြပ်ကြီးမောင်လွင် (မစိုးရိမ်ရ)
၄-တပ်သား ရဲမြင့် (စိုးရိမ်ရ) တို့ဖြစ်ကြသည်။
(ဖေ့ဘုတ်စ်၏ စည်းမျဉ်းစည်းကမ်းများအရ ကိုယ်ပိုင်အမှတ်နှင့် မှတ်ပုံတင်များ ဖော်ပြခွင့်မရှိ၍ ဖျက်ထားရပါသည်)