ရန်ကုန်၊ ဩဂုတ် ၁၆
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ တာတိုင်ကျေးရွာကို စစ်တပ်က ဩဂုတ်လ ၁၅ ရက်နေ့ ညအချိန်တွင် ဝင်ရောက် မီးရှို့နေကြောင်း ဒေသခံများက ပြောဆိုသည်။
“ရွာကို စစ်တပ်က ဝင်စီးပြီး မီးရှို့နေတယ်။ ဒီည ၁၀ နာရီ ၃၀ ခွဲလောက်ပါ။ ပြည်သူတွေတော့ ပြေးနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။