By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၁၆ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -မြန်မာနိုင်ငံမှာ စက်သုံးဆီပြတ်လပ်မှု မရှိဘဲ စက်သုံးဆီတွေ တင်သွင်းထားတယ်လို့ အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရဇော်မင်းထွန်း ပြောဆိုနေတာဟာ အလုံးစုံမှန်ကန်ခြင်းမရှိဘဲ လိမ်လည်နေတာဖြစ်တယ်လို့ ပြည်တွင်း စက်သုံးဆီတင်သွင်းသူလုပ်ငန်းရှင်တချို့က ပြောဆိုလိုက်ပါတယ်။ – ရက္ခိုင့်တပ်တော် AA နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေအကြား ဩဂုတ်လ ၁၃ ရက်နေ့မှာ တိုက်ပွဲ တွေဖြစ်ပွားပြီး အကြမ်းဖက်စစ်တပ်ဘက်က ၃၇ ဦးသေဆုံးပြီး လက်နက်အများအပြား သိမ်းဆည်း ရမိခဲ့တယ်လို့ AA ကထုတ်ပြန်ပါတယ်။ – မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ လှေခုတ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က သြဂုတ်လ ၁၅ ရက်နေ့ မနက်မှာ ကျေးရွာကို ဒုတိယအကြိမ် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေတဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။