30 C
Yangon

ခင်ဦး၊ ဝန်းကြီးကျေးရွာမှ ရွှေတောသို့ အလုပ်သွားလုပ်မည့် လူငယ် ၇ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ရုပ်အလောင်းများကို လမ်းဘေးတွင် စွန့်ပစ်

Must read

ရန်ကုန်၊ သြဂုတ် ၁၆

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ဝန်းကြီးကျေးရွာမှ လူငယ် ၇ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ရုပ်အလောင်းများကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် ဖမ်းဆီး သတ်ဖြတ်ခဲ့သော ဝန်းကြီးရွာသား လူငယ် ၇ ဦးမှာ ကျော်သူဟိန်း အသက် ၁၉ နှစ်၊ ကိုဇော်ဟိန်း အသက် ၁၅ နှစ်၊ ကို မင်းကို အသက် ၂၀ နှစ်၊ ကိုမင်းညီ အသက် ၁၄ နှစ်၊ ကိုဖြိုးငွေစိုး အသက် ၁၉ နှစ်၊ ကိုနိုင်းနိုင်း အသက် ၂၂ နှစ်နှင့် ကိုသူရထွန်း အသက် ၂၁ နှစ်တို့ ဖြစ်ကြောင်း သိရသည်။

လူငယ် ၇ ဦးသည် သြဂုတ်လ ၁၄ နေ့ နံနက်ပိုင်းတွင် ဝန်းကြီးရွာမှ ရွှေဘိုကားကွင်းသို့ သွားရောက်ခဲ့ကာ မြစ်အရှေ့ဘက် ရွှေတောသို့ အလုပ် လုပ်ကိုင်ရန် သွားရောက်စဥ် ရွှေဘို ကျောက်မြောင်းလမ်း အမှတ်၂ ကျောင်း ရှေ့ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံရပြီးနောက် လူငယ် ၇ ဦး အကြမ်းဖက် စစ်တပ်က အမှတ် ၈ စစ်တပ် လေ့ကျင့်ရေး ကျောင်းသို့ ခေါ်ဆောင်သွားပြီး နှိပ်စက် သတ်ဖြတ်ကာ ရုပ်အလောင်းများကို ရသာကျေးရွာ အနောက်ဘက် ဇရပ်အနီးတွင် လာရောက် စွန့်ပစ်သွားပြီး ဒေသခံ ပြည်သူများက ရုပ်အလောင်းများကို သြဂုတ်လ ၁၅ ရက်နေ့တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” လူငယ် ၇ ဦးကို ဖမ်းဆီးပြီးတဲ့နောက် စစ်ခွေးတွေက လေ့ကျင့်ရေး ၈ ကိုခေါ်ဆောင်သွားပြီး မတရား နှိပ်စက် စစ်ဆေး သတ်ဖြတ်တယ်။ သတ်ဖြတ်ပြီးတော့ ရုပ်အလောင်းတွေကို ရွှေဘိုလေ့ကျင့်ရေး ၈ မြောက်ဘက်မှာရှိတဲ့ ခင်ဦးမြို့နယ် ရသာကျေးရွာ အနောက်ဘက်အထွက် ဗျူဟာလမ်းဘေး ဇရပ်အနီးမှာ ရုပ်အလောင်းတွေကို စွန့်ပစ်သွားတယ်။ ဒေသခံ ပြည်သူတွေက ရုပ်အလောင်းတွေကို သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းမှာ တွေ့ရှိခဲ့ပြီးတော့ ကျေးရွာကို ပြန်လည် သယ်ဆောင်ပြီး သင်္ဂြိုလ်လိုက်ပြီ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article