35 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်း

Must read

အစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၁၆ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – အကြမ်းဖက် စစ်ခေါင်းဆောင် အာဏာလု မင်းအောင်လှိုင်ရဲ့ အမိန့်အရ ပြည်တွင်းမှာရှိတဲ့ ပို့ကုန်လုပ် ငန်းရှင် တွေ အနေနဲ့ စစ်ကောင်စီကို ဒေါ်လာတွေ ပေးကြဖို့အပြင် ၊ အလုပ်ပြန်လုပ်ကြဖို့ ၊ အဲ့ဒီလို ပူးပေါင်းဆောင်ရွက်မှု မရှိရင် ဖမ်းဆီးအရေးယူမှာ ဖြစ်တယ်လို့ အကြမ်းဖက် စစ်ကောင်စီခန့် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး ညွန့်အောင် က လုပ်ငန်းရှင်တွေကို တရားဝင် ခေါ်ယူ ပြောဆို ခြိမ်းခြောက်လိုက်ပါတယ်။ – ပြည်တွင်း စက်သုံးဆီ စျေးနှုန်းတွေဟာ ဒီကနေ့ ဩဂုတ်လ ၁၆ ရက်နေ့မှာ ထပ်မံမြင့်တက်သွားပြီး ၊ မန္တလေး အပါအဝင် နယ်မြို့ကြီးတွေမှာ စက်သုံးဆီ လိုသလောက်မရဘဲ ပြည်သူတွေ တန်းစီနေရဆဲ ဖြစ်တဲ့အပြင် ၊ တချို့ဆီဆိုင်တွေဟာ လုံး၀ ဖွင့်လှစ်ခြင်း မရှိတော့ဘဲ ပိတ်ထားတယ်လို့ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ – ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ‘’နိုလင်း ဟေဇာ ‘’ ဟာ ဆိုင်းမဆင့် ဘုံမဆင့်ဘဲ ဒီကနေ့ ဩဂုတ်လ ၁၆ ရက်နေ့မှာ မြန်မာနိုင်ငံ ကို ရောက်လာမယ့် သတင်းအပါအဝင်နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article