35 C
Yangon

မလေးရှားနိုင်ငံကွာလာလမ်ပူမှ ရန်ကုန်မြို့သို့ ပျံသန်းလာသော MH740 ခရီးသည်တင်လေယာဉ် ရန်ကုန်လေဆိပ်တွင် ဆင်းခွင့်မရဘဲ ဘန်ကောက်မြို့တွင် သွားဆင်း၊ ရန်ကုန်လေဆိပ်ပေါ်တွင် ဆင်းသက်ရန် အကြိမ်ကြိမ် ပတ်၍ ပျံသန်းပြီးမှ ဆင်းခွင့်မရဘဲ ပြန်ထွက်ခွာသွား

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့မှ ရန်ကုန်မြို့သို့ ဦးတည်ပျံသန်းလာသော MH740 / B738/9M-MXH – MAS 740 လေယာဉ်သည် ရန်ကုန်လေဆိပ်တွင် ဆင်းသက်ရန် ကွင်းပတ်ရန် ပျံသန်းခဲ့ပြီးနောက် မဆင်းသက်တော့ဘဲ ဘန်ကောက်မြိုု့သို့ ဦးတည်ပျံသန်းသွားကြောင်း လေယာဉ်လမ်းကြောင်းကြည့် Flightradar24 ၏ လေယာဉ်ပျံသန်းမှု မှတ်တမ်းအရ သိရှိရသည်။

အဆိုပါ လေယာဉ် ကွာလာလမ်ပူမှ ယနေ့ နံနက် ၉ နာရီ ၄၁ မိနစ်တွင် ထွက်ခွာလာပြီး ရန်ကုန်လေဆိပ်တွင် နံနက် ၁၀ နာရီ ၅၈ မိနစ်အချိန် ဆိုက်ရောက်ရန်ရှိသော်လည်း ရန်ကုန်လေဆိပ်တွင် ဆင်းခွင့်ရရှိရန် အကြိမ်ကြိမ် ကွင်းပတ် ပျံသန်းခဲ့ကြောင်း၊ ယင်းနောက် မဆင်းသက်တော့ဘဲ ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်သို့ ဦးတည် ပျံသန်းသွားသည်ကို တွေ့ရသည်။

မည်သည့်အကြောင်းကြောင့် ကွာလာလမ်ပူ-ရန်ကုန် ခရီးစဉ် လေယာဉ်သည် ရန်ကုန်လေဆိပ်တွင် မဆင်းသက်ဘဲ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သွား ရောက် ဆင်းသက်ရသည်ကို မသိရှိရသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article