30 C
Yangon

ချင်းပြည်နယ်၊ တီးတိန်တွင် အသက် ၁၅ နှစ်နှင့် ၁၇ နှစ်အရွယ် မောင်နှမ ၂ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်၊ ကလေးမြို့နယ်တွင်လည်း အပြစ်မဲ့ ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဟိုင်မွာလ်(ရွာသစ်) အသက် ၁၅ နှစ်နှင့် အသက် ၁၇ နှစ်အရွယ် မောင်နှမကို စစ်တပ်က ဖမ်းဆီးသွားပြီး သတ်ဖြတ် မြေမြှုပ်အလောင်းဖျောက်ဖျက်ခဲ့ကြောင်း ဒေသခံများနှင့် ဒေသသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဩဂုတ်လ ၁၄ ရက်နေ့တွင် တီးတိန်မြို့နယ်၊ ဟိုင်မွာလ်(ရွာသစ်)ကို စစ်ကောင်စီတပ်က ဝင်စီးခဲ့ပြီး Lal Nun Puii (၁၇)နှစ် နှင့် Lal Ruat Mawia (၁၅)နှစ်တို့မောင်နှမကို ဖမ်းဆီးသွားခဲ့ကြောင်း၊ ယင်းနောက် ၎င်းတို့ မောင်နှမ ၂ဦးကို ဟိုင်မွာလ် (ရွာသစ်)နှင့် ရိခေါ်ဒါရ်အကြား တစ်နေတွင် သတ်ဖြတ်မြေမြှုပ်ခဲ့ကြောင်း၊ ယနေ့ တွင် အလောင်းများကို ပြန်လည် ဖော်ထုတ်ပြီး ခရစ်ယန်ဘာသာရေး ထုံးတမ်းအစဉ်အလာနှင့်အညီ သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၆ နာရီအချိန် အင်အား၅၀ခန့်ရှိသော စစ်တပ် စစ်ကြောင်းသည် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အတွင်းရှိ UG စခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး စခန်းအနီးတွင် လယ်လုပ်နေသော ရွာသား ၂ ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ယင်းနောက် လေးအိမ်စုကျးရွာသို့ဝင်ရောက်ကာ ပြည်သူ့အိမ်၂လုံးအားမီးရှို့ဖျက်ဆီးသွာ‌ေးကြာင်း၊ ဒေသကာကွယ်ရေးတပ်များက ပြန်လည်ထိုးစစ်ဆင်ရန် လေးအိမ်စုကျေးရွာသို့ချဥ်းကပ်သော်လည်း စစ်တပ်က လက်ပံခုံ ကျေးရွာမှာတဆင့် ကလေးမြို့ ဒကစ တပ်အတွင်းသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း ကလေး PDF က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article