ရန်ကုန်၊ ဩဂုတ် ၁၇
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊အင်ပင်ထီးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ပူးပေါင်းစခန်းကို ဩဂုတ် လ ၁၆ ရက် ညနေ ၆ နာရီခွဲမှ ၇ နာရီအထိ မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A) တပ်ရင်း ၄ က လက်နက်ကြီး ၃၅ လုံးနှင့် သွားရောက်ပစ်ခတ်ခဲ့ရာ ပျူစောထီးစခန်းမှ အနည်း ဆုံး ၅ ဦး သေသွားကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A) က သတင်း ထုတ်ပြန်သည်။
ယင်းတိုက်ခိုက်မှုကို တပ်ရင်းအနေနှင့် M.R.D.A တပ်ရင်း (၄) ဖြစ်ပြီး MOD တပ်ရင်းအနေဖြင့် ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်း (M.R.D.A) မှ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ခိုက်မှုတွင် မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)မှ ထိခိုက်ဒဏ်ရာ မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) တွင် MOD (NUG) လက် အောက်ခံ တပ်ရင်း ၄ ရင်းရှိပြီး ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် (၃)၊ အမှတ် (၄)၊ အမှတ် (၅)၊ အမှတ် (၆) တို့ဖြစ်ကာ တပ်ရင်းအားလုံးသည် ကာကွယ်ရေးဝန်ကြီးဌာန (MOD)၏ COC နှင့်အတူ လုပ်ဆောင်လျက်ရှိသည်။
ထို့ပြင် စစ်တိုင်းတိုင်း တန့်ဆည်မြို့နယ် ကန်ပေါက်ရွာအနီး ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန် စစ်ကောင်စီတပ်နှင့် ပြည်သူ့လွတ်မြောက် ရေးတပ်မတော်( PLA) ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးကြောင်း PLA သတင်းရင်းမြစ်များထံမှ သိရှိရသည်။
တန့်ဆည်၊ ကန်ပေါက်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့်ဖြစ်ပွားသော တိုက်ပွဲတွင် တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း ၆ ပါ ပါဝင်တိုက်ခိုက်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကရင်ပြည်နယ်ရှိ ရှေ့တန်းစစ်မြေပြင်မှ PDF တပ်များ။
Photo- Reuters