By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၁၇ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
– စစ်ကိုင်း-မန္တလေး ကို ဆက်သွယ်ထားတဲ့ ဧရာ၀တီမြစ်ကူး ၊ ရတနာပုံတံတား စစ်ကိုင်းဘက်အခြမ်းမှာ ဒီကနေ့ ဩဂုတ်လ ၁၇ ရက်နေ့ မနက် ၈ နာရီခွဲလောက်မှာ ပစ်ခတ်မှုဖြစ်ပြီး အရပ်ဝတ်လူ တစ်ဦး သေဆုံးသွားတဲ့အပြင် ၊ အကြမ်းဖက် စစ်ကောင်စီဘက်က ဒဏ်ရာရ တပ်သား ၂ ဦးကို စစ်ကားနဲ့ မန္တလေး ဘက်ကို သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့၊ အမှတ် ၂ ရပ်ကွက်အတွင်းက အောင်သိဒ္ဓိ- ရိပ်သာ ၃လမ်း က ဒုသမ္မတ ဟောင်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သီဟ/သူရ တင်အောင်မြင့်ဦး ရဲ့ မရမ်းကုန်း နေအိမ်အနီး ဗုံးခွဲတိုက် ခိုက်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစုရဲ့ အဖွဲ့ဝင် M-I-U နဲ့ MFF က ပြောပါတယ်။
– ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်တပ်စွဲထားတဲ့ EPC မီးပြင်ရုံးကို ဩဂုတ်လ ၁၆ ရက်နေ့က ဖောက်ခွဲတိုက်ခိုက်ရာမှာ ရေချိုးဖို့ပြင်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးဒဏ်ရာ ရသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။