ရန်ကုန်၊ သြဂုတ် ၁၇
စစ်ကိုင်းတိုင်းအတွင်းရှိ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ တစ်ရွာ၏ မီးလောင်ပြင်တွင် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၇ ရက်နေ့တွင် “How maney dead bodies UN need to take action ?” စာတန်း ကိုင်ဆောင်ကာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ဘက်မှမရပ်တည်ဘဲ မြန်မာပြည်သူ လူထုဘက်မှ ရပ်တည်ပေးရန် ဆန္ဒပြခဲ့ကြောင်း သိရသည်။
Photos -AungKhantZaw