28 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၁၇ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့အချိန် ၊ စစ်ကိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခဲ့တဲ့နေရာမှာ ‘’ How many dead bodies UN need to take action ’’ ဆိုတဲ့ စာတန်းကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ ကြပါ တယ်။ – ရေစကြိုမြို့နယ်မှာရှိတဲ့ ငတမျှော်-ကျေးရွာကို ဒီကနေ့ ဩဂုတ်လ ၁၇ ရက်နေ့ မနက် ၁၀ နာရီ လောက်က အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ လက်ပါးစေ ပျူစောထီးတွေဟာ သေနတ်တွေနဲ့ ပစ်ခတ် ဝင်ရောက်လာပြီး ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ -စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်ပင်ထီး- ကျေးရွာမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး ပူးပေါင်းစခန်းကို ဩဂုတ် လ ၁၆ ရက်နေ့ ညနေ ၆ နာရီခွဲ ကနေ ၇ နာရီအထိ မြန်မာ့ တော်ဝင် နဂါးတပ်တော်(M.R.D.A) တပ်ရင်း ၄ ကနေ လက်နက်ကြီး ၃၅ လုံး နဲ့ သွားရောက် ပစ်ခတ်ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article