28 C
Yangon

မြန်မာနိုင်ငံတွင် ရုရှားစစ်တပ် ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ရန် ရှိနေမှု ဇော်မင်းထွန်း အတည်ပြု၊ ကောင်စီဝန်ရုံးဟု အမည်တပ်ထား

Must read

ရန်ကုန်၊ ဩဂုတ် ၁၇

ရန်ကုန်နှင့် နေပြည်တော်တွင် ရုရှားစစ်တပ်၏ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်ရုံးများဖွင့်လှစ်ရန် ရှိနေပြီး အကြမ်း ဖက် စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက ကောင်စီဝန်ရုံးများ ဖွင့်လှစ်ခြင်းဖြစ်သည်ဟု ယနေ့ ထုတ်ဖော်‌ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ရုရှားနိုင်ငံတွင် ကောင်စီဝန် ရုံးဟု အမည်တပ်ထားသည့်အကြမ်းဖက်စစ်တပ် ကိုယ် စားလှယ်ရုံး ၂ ရုံးဖွင့်လှစ်မည်ဖြစ်ပြီး ရုရှားစစ်တပ်ကလည်း ရန်ကုန်နှင့် နေပြည်တာ်တွင် ရုရှားစစ်တပ် ကိုယ်စားလှယ် ရုံး ၂ ရုံး ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ အဆိုပါရုံး ၂ ခုစလုံးတွင် ရုရှားစစ်တပ်နှင့်မြန်မာစစ်တပ်မှ စစ်မှုထမ်းများသာ သီးသန့် ထားရှိ တာဝန်ထမ်းဆောင်ကြမည့်ရုံးများဖြစ်ကြောင်း သိရှိရသည်။

လတ်တလော ရန်ကုန်တွင် ဖွင့်လှစ်မည့် ရုရှား စစ်ဘက်ဆိုင်ရာ ရုံးအတွက် အင်းလျားလိတ်ဟိုတယ်လမ်းရှိ ယခင် ကပစဝင်း(ခ) ကထပ တပ်ဝင်းကို မြေနေရာ သတ်မှတ် ပေးအပ်ထားကြောင်း၊ နေပြည်တော်တွင်လည်း မြေနေရာ သတ်မှတ်ပေးရန်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အကြမ်းဖက် ရုရှား ကာကွယ်ရေးဝန်ကြီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article