28 C
Yangon

မြန်မာနိုင်ငံမှာ Facebook ကို ပိတ်ပင်ပြီး အစားထိုး လူမှုကွန်ရက်ပလက် ဖောင်းတစ်ခု ဌာနဆိုင်ရာနဲ့ ပညာရှင်တွေ ပူးပေါင်း လုပ်နေတယ်လို့ အကြမ်း ဖက် ဇော်မင်းထွန်းပြော

Must read

ရန်ကုန် | ဩဂုတ် ၁၇

မြန်မာနိုင်ငံမှာ လူသုံးများတဲ့ လူမှုကွန်ယက် Facebook ကို ပိတ်ပင်ပြီး အစား ထိုးမယ့် လူမှုကွန်ရက် ပလက်ဖောင်းတစ်ခု ဌာနဆိုင်ရာနဲ့ ပညာရှင်တွေ ဖန်တီးနေတယ်လို့ အာဏာသိမ်းစစ်ကောင်စီ ပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုပါတယ်။

Facebook ပေါ်ကနေ နိုင်ငံမတည်မငြိမ်ဖြစ်အောင် လုပ်နေလို့ ဒီလိုစဉ်းစားလုပ်ဆောင်နေတာဖြစ်တယ်လို့ ဇော်မင်း ထွန်းက ဆိုပြန်ပါတယ်။ ဒါ့အပြင် ဖေ့ဘုတ်စ် ဝင်ငွေရစေတဲ့ ကြော်ငြာတာတွေကိုလည်း တားဆီးဖို့ရှိတယ်လို့ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ကို Facebook လူမှုကွန်ရက်ပေါ်မှာ နေရာမပေးဘဲ ဖြုတ်ချနေကြောင်း၊ အာဏာသိမ်းစစ်တပ် ရုရှားနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်တဲ့ စစ်ရေးလေ့ကျင့်ရေးအဖွဲ့က ဆုရတဲ့အခါ နိုင်ငံတော်သီချင်းဖွင့် ဂုဏ်ပြု့တဲ့ ဗီဒီယိုရုပ်သံကို Facebook လူမှုကွန်ယက်ပေါ် လွှင့်တင်ရာမှာ အကြိမ်ကြိမ် ဖြုတ်ချခံခဲ့ရလို့ အကြမ်းဖက် ဇော်မင်းထွန်းက ဆိုပါတယ်။

ဖေ့ဘွတ်စ်နေရာမှာ အစားထိုးဖို့ လူမှုကွန်ရက် ပလက်ဖောင်းတစ်ခုကို အာဏာ သိမ်း စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနတစ်ချို့နဲ့ ပညာရှင်ဆိုသူတွေ ပူးပေါင်းဖန်တီးနေတယ်လို့လည်း သူကပြောပေမယ့် ဘယ်လို ပလက် ဖောင်းမျိုးလည်းဆိုတာကိုတော့ သူက ထုတ်မပြောပါဘူး။

ပြည်သူကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ Facebook အပါအဝင်၊ Googleနဲ့ ရုပ်သံတိုက်ရိုက်လွှင့်တဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေမှာ တရားဝင် အသုံးပြုခွင့် မရလို့ အခုနောက် ဆုံး ဒီလို တုံ့ပြန်လာတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ- အကြမ်းဖက် ဇော်မင်းထွန်း။ (ပုံအဟောင်းဖြစ်သည်)

Photo- Agency။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article