26 C
Yangon

ရေစကြိုနှင့်မြိုင်တို့တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၁ ဦးထက်မနည်း သေဆုံး၊ ပုလဲတွင် ပျူစောထီးစစ်စခန်းကို PDF အဖွဲ့များ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ သြဂုတ် ၁၇

မကွေးတိုင်း ရေစကြိုမြို့နယ် ရေယှားကျေးရွာမှငတရော်ကျေးရွာသို့ စစ် ကြောင်းထိုးလာသော စစ်တပ် စစ်ကြောင်းများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ရေစကြိုမြို့နယ်(ပကဖ) ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ၂ ကြောင်းတွင် အင်အား ၆၀ ကျော်ခန့် ပါဝင်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ရေစကြိုမြို့နယ် (ပကဖ)နှင့် သိန်းငှက်ပျောက်ကြားတပ်ဖွဲ့ ၊ ရဲဘော်ညီနောင်ပျောက်ကြားတပ်ဖွဲ့၊ပူးပေါင်းမဟာမိတ်အဖွဲ့များမှ ငတရော်ရွာ အရောက်တွင် အနီးကပ် လက်နက်ငယ်များဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း မြိုင်မြို့နယ် တဲကြီးနှင့် နယ်သတ်ရွာ အကြားတွင် သြဂုတ်လ ၁၆ ရက်နေ့က ကင်းပုန်း ဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်ခဲ့သော နေရာသို့ PDF တပ်ဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် ကျည်ဆံများနှင့် အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ကင်းပုန်းကို သြဂုတ်လ ၁၆ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် မိုင်း ၉ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ မိုငိးဆွဲ တိုက်ခိုက်ခဲ့သော နေရာသို့ သွားရောက် စစ်ဆေးစဉ် ကျည်ဆံများနှင့် အသုံးအဆောင်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသော အင်မထီးရွာကို 96 Soldiers-PDF (အညာဒေသတပ်ခွဲ)နှင့် PRA တပ်ဖွဲ့မှ သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးခန့် သေဆုံးခဲ့ကြောင်း 96 Soldiers-PDF တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်သား ၅ ဦးသေဆုံးခဲ့ သေဆုံးခဲ့ကြောင်း 96 Soldiers-PDF (အညာဒေသတပ်ခွဲ)မှ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article